Tuesday 19 May 2020

လွမ်းတဲ့ ည



တိတ်နေတဲ့ အသံကို ကြားနေရ
မီးပိတ်ပြီး အိပ်မယ်ဆိုတော့လည်း
လေကို ဖမ်းယူမိသလို ဗလာ
ခေါင်းရင်းတံခါးဆီ လေတိုးနေပုံက
နားထဲ စစ်ပွဲတစ်ခုလို ခြောက်လှန့်
မြင်ယောင်မိတဲ့ မင်းအပြုံးကို
မေတ္တာပို့ကြည့်တော့လည်း
ဆင့်ပွါးအပြုံးတွေသာ
တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လာကြ
ဓာတ်ပုံတွေ ကြည့်မိတော့လည်း မထူး
ဘယ်သွားထားရမှန်းမသိတဲ့ လွမ်းစိတ်ကို
မင်း အိပ်မက်ထဲ
ထည့်ထားလို့ရရင် ကောင်းမယ်
အချစ်ရယ်
ဒါဆို ကမ္ဘာကြီး ပိုလှသွားမှာပဲ။

                  လူခါး
         ၂၀၂၀၊၀၅၊၁၇ ၊ည ၁၂:၂၉

#ပုံလေးလုပ်ပေးတဲ့ကိုကောင်းသန့်
ကျေးဇူးအထူးပါခင်ဗျာ


No comments: