ပါတယ်။ သူတို့အိမ်က အခန်း ၃ ခန်း လူ ၃ယောက်နေ
ကြတော့ ကျနော်ရယ် ဧည့်သည်ရယ် အပါဆို အရက်
ဝိုင်းမှာ လူ ၅ ယောက်ဖြစ်ပါတယ်။
တယောက် ၂ ခွက်စီသောက်ပြီးတော့ သူက စလွှတ်ပါတော့ တယ်။ အိုင်းစတိုင်းရဲ့ ရီလေးတစ်ဗီတီတွေရော၊
ဦးအေး မောင်ရဲ့ ဗီဇနဲ့ ပတ်ဝန်းကျင်တွေရော။ မဟာ ဗုဒ္ဓဝင်တွေရော အစုံကို ပြောတာပါပဲ။ဖတ်ထားသမျှ
စာတွေမမေ့ဘဲ မှတ်မိထားနိုင်သူတယောက်လို့ စိတ်ထဲ
က မှတ်ချက်ချမိပါတယ်။
ကျနော်ဟာ အရက်ခွက်ကို လှုပ်လှုပ်ဆော့ရင်း သူတို့စ
ကားဝိုင်းထဲ ဘာမှ ဝင်မပြောဘဲ နေနေပါတယ်။ နားက
တော့ အဆိုပါ ဧည့်သည်ပြောသမျှ ကြားနေရတာပါပဲ။
ပွဲက အရှိန်ရလာလေ ဧည့်သည်ဟာ စကားတွေ အများ
ကြီး ပြောလာလေပါပဲ။ ဝိုင်းထဲအတူသောက်နေတဲ့ အ
ထဲက တယောက်ဟာ သူ့စကားတွေကို အတော်သဘောကျ ထောက်ခံနေတာကို သတိထားမိပါတယ်။
သူဟာ အင်္ဂလိပ်စကားပုံတွေကို ရွတ်ပြပါသေးတယ်။
ပြီးတော့ ဘာသာလည်း ပြန်ပြပါတယ်။အင်မတန် နား
ထောင်လို့ ကောင်းပါတယ်။
ကျနော်တို့ သောက်နေတဲ့ အရက်ပုလင်းလည်း ကုန်ခါနီးနေပါပြီ။ ဝိုင်းသိမ်းဖို့ ပြင်နေကြပါပြီ။အဲဒီအချိန်
မှာပဲ ငြိမ်ပြီးနားထောင်နေတဲ့ ကျနော့်ကို သူကမေးခွန်း
တခုမေးလိုက်ပါတယ်။
အနုပညာဆိုတာဘာလဲ။
ကျနော်ဟာ သူ့မေးခွန်းကို မဖြေဘဲထားလိုက်ရင်း
ငယ်စဉ်က မွေးခဲ့ဖူးတဲ့ ကြက်တူးရွေးလေးကို ပြန်သတိရမိပါတယ်။
ကျနော်မွေးခဲ့ဖူးတဲ့ ကြက်တူရွေးလေးဟာ အင်မတန် ဉာဏ်ကောင်းပါတယ်။ သူ့ကိုသင်ပေးသမျှ စကားကို
အကုန်တတ်၊အကုန်ပြန်ပြောနိုင်ပါတယ်။
ဒါပေမဲ့ သူကိုယ်တိုင်တော့ စကားလုံးတစ်လုံးမှ မထွင်
နိုင်ခဲ့ပါဘူး။
#လူခါး
၂၀၂၁၊၀၅၊၂၉၊ဂျပန်
ဝန်ခံချက်(၁)
ဆရာဂျိုဇော်ရေးနေတဲ့/ရေးကြည့်ဖို့လည်း တိုက်တွန်းထားတဲ့MFဝတ္ထုတပုဒ်ကြိုးစားရေးကြည့်ခြင်းမျှသာ)
ဝန်ခံချက်(၂)
ဓာတ်ပုံကို google မှ ယူထားပါသည်။
No comments:
Post a Comment