Tuesday 25 May 2021

တိုကျိုရဲ့ မီးခိုးများ


 ''UENO-အုအဲနို'' ဘူတာကို ကျွန်တော်တို့စီးလာသည့် ရထားကြီးဆိုက်တော့ မှောင်ပြီး၍ မြို့ပြအလင်းရောင်တို့က ဟိုမှသည်မှာ လက်လက်

ထတောက်ပနေကြလေပြီ။ ကျွန်တော်က တိုကျိုကို တစ်ခါမှ မရောက်ဖူးသူ ပီပီ လူပျိုဖော်ဝင်စ ယောက်ကျားပျိုတစ်ယောက်က မိန်းမပျိုလေးများ၏ အ

ဖော်အချွတ်ကပွဲတစ်ခုသို့အမှတ်မထင် ရောက်သွားသကဲ့သို့မြင်စပြုပြီဖြစ်သော တိုကျို၏ ညဦးအလှကို ငေးမောရင်း ရင်တုန်စိမ့်မြူးသော ခံစားချက်

မျိုးဖြင့် ပျော်ရွှင်လျက်ရှိနေမိ၏။

 ကျွန်တော်တို့ရထားပေါ်က ဆင်းလိုက်ကြသည်နှင့် ရထားစီးရန်စာင့်နေကြသူများက သူ့ထက်ငါတိုးဝှေ့၍ တက်ကြတော့သည်။ လု၍တက်

ကြသည်မဟုတ်ဘဲ တန်းစီတက်ကြခြင်းဖြစ်သော်လည်း နောက်ဆုံးတွင်တန်းစီနေသော လူနှစ်ဆယ်လောက်က ရထားပေါ်တက်မရဘဲ တံခါးဝတွင် တေ့

လျှက် ညပ်နေကြသည်။ ဘူတာရုံဝန်ထမ်းက အော်လံလေးကိုင်၍ ရထားမဆံ့သဖြင့်မတက်ရန်ပြောသော်လည်းမရပါပေ။ လူအုပ်ကတိုးမြဲတိုးနေကြသည်။

နောက်ဆုံး ဘယ်လိုမှပြောမရတော့သည်နှင့် ရထားဝန်ထမ်းနှစ်ယောက်က ရထားတံခါးပေါက်၏ အကျယ်ခန် ့ရှည်သော တုတ်တစ်ချောင်းကို ကန့်လန့်

ပြု၍ တံခါးဝတွင် ညပ်နေသောလူအုပ်ကိုနောက်ကျောဘက်မှ သိမ်းကျုံးကာ ရထားထဲသို့တွန်းထည့်ကြတော့သည်။ ထိုအခါမှ လူအုပ်က ရထားပေါ်သို့

ရောက်သွားကြတော့၏။ အထဲတွင်ဘယ်လိုလိုက်ပါနေရာယူကြသည်ဆိုတာကိုတော့ ကျွန်တော်မသိတော့။

 

'' ဘယ်လိုလဲ...မိုက်တယ်မဟုတ်လား''

 

ကိုပြေသိမ်းက ရထားပေါ်က ဆင်းဆင်းချင်း ကျွန်တော့်ကို တစ်ချက်ကြည့်ကာ မေးလာတော့ ကျွန်တော် ပြန်လည်ပြုံးပြရင်း ''ဟုတ်အစ်ကို''

ဟု ဖြေမိသည်။ တိုကျိုက တကယ်လည်းမိုက်ပါသည်။ လူများက သူ့ထက်ငါတိုးဝေ့နေသည်မှန်သော်လည်း စည်းကမ်းတကျရှိလှ၏။ အမှိုက်တစ်မျှင်တစ်စ

မရှိ ၊ ဆေးလိပ်တစ်တိုမတွေ့ရပေ။ ည၏အရောင်အသွေးစုံ လူအများကြားထဲတွင် ''ကီမိုနို'' ဝတ်စုံကို ဝတ်ထားသော ဂျပန်မဖြူဖြူချောချောလေးများအား

မြင်လိုက်ရလျှင် ကျွန်တော့်မျက်လုံးသည် ထိုအလှအပများပေါ်က မကျွတ်တော့ ။ သြော်..တိုကျို၊ ကျွန်တော့်အိပ်မက်ထဲက မှော်ဝင်မြို့ကြီး ။ ခမ်းနားသော 

သမိုင်းများ ၊ လေးစားအားကျဖွယ် ဖြစ်ရပ်များနှင့်ထုံမွှမ်းသော တိုကျို။ စာတွေထဲမှာ ရင်တလှပ်လှပ် တစ်ဖက်သတ်ချစ်မက်ခဲ့ရသော တိုကျိုမြို့တော်ကြီး

၏ မဟာပထဝီမြေကြီးကို ကျွန်တော် အားရပါးရ နင်းခွင့်ရခဲ့ပါပြီကောလေ။ ကျွန်တော့်စိတ်သည် ပျံနေသော ငှက်တစ်ကောင်၏ ကိုယ်ခန္ဓာကိုယ်မှ ကျွတ်ထွက်

လာခါစ ငှက်မွေးတစ်ချောင်းလို လေတွင်လွင့်၍နေ၏။

 

'' ဟော..ဟိုမှာ..ဟိုမှာ '' 

 ကိုပြေသိမ်းက ငေးနေသော ကျွန်တော်၏လက်ကို ဆတ်ခနဲဆွဲကာ ရုတ်တရက် ခြေလှမ်းကျဲကြီးများဖြင့် သွားသဖြင့်ကျွန်တော့်မှာ အမောတ

ကော ပြေးလိုက်ရတော့၏။ သိပ်တော့မသွားလိုက်ရပါ ။ တွေ့ပါပြီ။ ကိုပြေသိမ်းနှင့်ချိန်းဆိုထားသော ကိုပြေသိမ်း၏မိတ်ဆွေ။

 

'' သူလည်း ငါတို့စီးလာတဲ့ရထားနဲ ့လိုက်လာတာထင်တယ်၊ သူက ဟိုဘက်နှစ်ဘူတာလောက်က ရပ်ကွက်မှာနေတာ''

 

ကိုပြေသိမ်း၏ မိတ်ဆွေသည်အရပ်ပြတ်ပြတ်နှင့်ဖြစ်၏။ အသားက ဂျပန်မှာနေသည်မှာကြာပြီဖြစ်ကြောင်းကို ပြဆိုလေ့ရှိသော ဖြူနီနီအရောင်။ 

ဒူးကျဘောင်းဘီအညိုနှင့်ဗွီ ပုံသဏ္ဍန် အင်္ကျီလက်တိုအဖြူကို ဝတ်ထားပြီး ညာဘက် လက်တွင် အိုင်ဖုန်းနှင့်ပိုက်ဆံအိတ်ကိုကိုင်ထားကာ ဘယ်ဘက်

လက်တွင် ဂျပန်ယန်း လေးရာ့ခြောက်ဆယ်တန်  ဆေးလိပ်ဘူးနှင့် အပြာရောင် မီးခြစ်တစ်လုံးကို ကိုင်ထားသေး၏။

 

ကိုပြေသိမ်းက ''အေး..ညီ..ပြော၊ ဘာတိုင်ပင်စရာ ရှိလို့လဲ...၊ သြော်..မိတ်ဆက်ပေးရဦးမယ် ။ သူက ကိုယ့်သူငယ်ချင်း၊ ကနေ့မှ 

နယ်က လာလည်လို့ခေါ်လာတာ ။ ကိုယ့်လိုပဲ ညီအစ်ကို ဆက်ဆံပေးပါ၊ လိုတာရှိလည်း ကူညီပေး '' ဟု ဆိုကာ ကကျွန်တော်နှင့်သူ့မိတ်ဆွေကို တစ်လ

က်စတည်းမိတ်ဆက်ပေးတော့သည်။

 ''သြော်..ဟုတ်လား ..၊ တွေ့ရတာဝမ်းသာတယ်။ တိုကျိုဘက်မှာတော့ လိုအပ်တာရှိရင် ပြောပါ ''

 ကိုပြေသိမ်း၏ မိတ်ဆွေက ဝမ်းသာအားရဖြင့် လက်တစ်ဖက်ကမ်းပေးလာသဖြင့် ကျွန်တော်လည်း ဝမ်းသာအားရ လက်ပြန်ကမ်းပေးလိုက်မိ

၏။ ကျွန်တော်တကယ် ဝမ်းသာမိခြင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံကြီးမှာ ကိုယ့်ထက်စောရောက်၍ ကိုယ့်ထက်တတ်သိပြီး ရင်းနီးဖော်ရွေသော မိတ်ဆွေတစ်

ယောက်ရဖို့ဆိုသည်မှာ ဦးစံလင်း၏ ဓမ္မစေတီခေါင်းလောင်းကြီးကမှ မျှော်လင့်ချက်ထားလို့ရသေးတာမျိုးမဟုတ်လား။

 ''လာဗျာ..အေးဆေးတိုင်ပင်ချင်တာ '' ဟု ဆိုကာ ကိုပြေသိမ်း၏ မိတ်ဆွေက ဘေးဘီမှ တိုက်ခန်းများပေါ်သို ့မျက်လုံးများကို ရွှေ့ပစ်လိုက်

ရင်းနှုတ်ခမ်းများကို တစ်ချက်သပ်လိုက်လေသည်။

 '' ဟိုး..မှာတွေ့လား ၊ အဲ့ဆိုင် အကင်ကောင်းတယ် ၊ ဘီယာလည်းစျေးချိုတယ်။ သွားရအောင်၊ ကျွန်တော်တစ်ယောက်ထဲတော့ ဒကာမခံ

နိုင်ဘူး။ အမေရိကန်စစ်စတန်ပေါ့''

 '' ဟာ..ညီ ''

 ကိုပြေသိမ်းက ငြင်းလိုက်မည် ကြံစည်တာကိုသိသဖြင့် ကျွန်တော်က ဟိုလူမသိအောင်ကမန်းကန်း လက်ကုပ်လိုက်သည်။

  ''  ဟုတ်တယ် ..အစ်ကို ၊ကောင်းတယ် ။ ကျွန်တော်လည်း တစ်ခါမှ မထိုင်ဖူးတော့ ထိုင်ချင်တာပေါ့''  ဟု ဝမ်းသာအားရဖြတ်ပြောလိုက်သည်။ 

ထိုအခါမှ သူတို့နှစ်ယောက်လည်းသဘောတူသွားကာ ဆိုင်ရှိရာတိုက်ခန်းများထက်သို့ကျွန်တော်တို့သုံးယောက်တက်လာခဲ့ကြ၏။

 ကျွန်တော် ထိုသို့ပြောလိုက်သည်မှာ အကြောင်းရှိပါသည်။ ကျွန်တော်တို့ ကိုပြေသိမ်းအခန်းမှ ထွက်မလာခင်ကတည်းက ကိုပြေသိမ်းက သူ့

တွင်ပိုက်ဆံပြတ်နေကြောင်းပြောထားသဖြင့် သူ မငြင်းမီ အမိအရ သဘောတူလိုက်ရခြင်းဖြစ်ပါသည်။ မိတ်ဆွေကောင်းဆိုသည် ပိုက်ဆံထက် ပို၍တန်

ဖိုးရှိကြောင်း အခန်းပြန်ရောက်မှ ကိုပြေသိမ်းကို ရှင်းပြရဦးမည်ဟု ကျွန်တော် စိတ်ထဲတွင် တေးမှတ်ထားလိုက်မိသေး၏။

 ဆိုင်မှာထိုင်မိကြတော့ ကျွန်တော်နှင့်ကိုပြေသိမ်းက ထိုင်နေရုံသာဖြစ်သည်။ ဘီယာမှာတာတို့အသားကင်မှာတာတို့ကို ထိုလူကသာ ကျွမ်းကျွမ်း

ကျင်ကျင်လုပ်ပေးနေသဖြင့် ကျွန်တော့်မှာ အမိအရ ကြည့်ရင်း မှတ်သားနေမိရသေးသည်။ ပြီးတော့ကျွန်တော်အနည်းငယ်လည်း ရှက်နေမိသည်။ လွယ်

လွယ်ပြောရလျှင် တောသားနှစ်ယောက် မြို ့ရောက်လာသဖြင့် မြို့သားက အစစအရာရာသင်ပြနေရခြင်းကို ခံနေရသလိုဖြစ်နေသည်လေ။


 စားပွဲပေါ်မှာ အားလုံးစုံတော့ ကိုပြေသိမ်းက '' ကဲ..ညီ..ပြောတော့ '' ဟုဆိုကာ စကားလမ်းကြောင်းကို စလိုက်တော့၏။ အသားကင်ရန်တည်

ထားသော ဂက်စ်မီးဖိုမှာ တဖျစ်ဖျစ်အသံမြည်ရင်းတင်ထားသော အသားများကို လောင်ကျွမ်းလျက်ရှိသည်။အသားကင်အနံ ့သည် နှာခေါင်းထဲသို့တက်မက်

ခြင်းကြီးစွာဖြင့်စီးဆင်းလျက်ရှိသည်။  စားပွဲထိုးများလာချပေးသော ဘီယာများကလည်း အမြှုပ်တစီစီနှင့် သောက်မည့်သူကို လက်ယပ်ခေါ်သလိုရှိနေ၏ ။


ကိုပြေသိမ်း၏ မိတ်ဆွေကစကားကို မစသေးဘဲ ''  ခမ်းပိုင် ''  ဟုဆိုကာ ဘီယာခွက်ကိုမြှောက်လိုက်သဖြင့် ကျွန်တော်တို ့လည်း ဘီယာခွက်များကို ပြိုင်

တူမြှောက်လိုက်ကြရသည်။


 ''ခမ်းပိုင်...''


 ဘီယာခွက်ချင်းထိခတ်လိုက်သည့် ''ချွင်'' ဆိုသော အသံမှာ အခြားစားပွဲများမှ စကားပြောသံကို ဖုံးအုပ်သွားတော့မလားထင်ရသည်။


 '' ကျွန်တော် ..ကုန်ပစ္စည်းတစ်ခုကို ဂျပန်ကနေ မြန်မာပြည်ကို တင်သွင်းချင်လို့..အဲဒါ..ကိုပြေသိမ်းကို တိုင်ပင်တာ ''

 ကိုပြေသိမ်း၏ မိတ်ဆွေက မီးဖိုပေါ်ရှိ အောက်တစ်ခြမ်းကျက်စပြုနေသော အမဲသားဖတ်ကို ခက်ရင်းနှင့် အထက်အောက်လှန်ရင်းပြောလိုက်

တော့ကိုပြေသိမ်း၏ မျက်လုံးများက အရည်ပြည့် ကျောက်တစ်လုံးကဲ့သို့တဖျတ်ဖျတ်လက်သွားတော့၏။ ကျွန်တော်လည်း ကိုင်ထားသော ဘီယာခွက်ကို 

ဖျတ်ခနဲ ပြန်ချကာ ထပ်ပြောလာမည် ့ထိုလုူ ၏စကားများကို ဖိတ်စင်လွင့်ပျောက်သွားမှာ စိုးသလိုမျို်းနှင့် စောင့်ဆိုင်းနေမိသည်။


 ''အေး..ညီလေး ..ပြော ၊ မင်းက ဘာပစ္စည်းလဲ'' 

 ကိုပြေသိမ်းက မေးလိုက်တော့ ထိုလူက ဘေးဘီကိုတစ်ချက်ကြည့်လိုက်သေး၏။ ထို့နောက် ကျွန်တော့်ကိုပါ သူစိမ်းတစ်ယောက်

ဆိုသောအကြည့်မျိုးဖြင့် ကြည့်သဖြင့် ကိုပြေသိမ်းက '' သူက ..စိတ်ချရပါတယ် ၊ ငါ့သူငယ်ချင်းအရင်းပါ '' ဟု ဆိုလိုက်မှ စကားဆက်လာသည်။


 ''စားသောက်ဆိုင်တွေမှာ သုံးဖို ့အတွက် စက်ပါ ၊ ဝိတ်တာတွေက စာပွဲဝိုင်းကနေပြီး အော်ဒါယူနေတုန်းမှာပဲ စာသောက်ခန်းပြင်တဲ့အခန်းထဲက

အော်ဒါစာရင်းကို အော်တို သိတဲ့စက်..မြန်မာပြည်မှာ မရှိသေးဘူး..တကယ့်ဂွင်ပဲ ''

 ထိုလူက စကားကို မေ့သွားမှာ စိုးသလိုမျိုးဖြင့် မနားတမ်းပြောချလိုက်ပြီး ရှေ့ကဘီယာခွက်ကို '' ဂွပ်'' ခနဲ တစ်ကျိုက်တည််းမော့ချလိုက်၏။


 ကိုပြေသိမ်းနှင့် ကျွန်တော်မှာ တစ်ယောက်ကို တစ်ယောက် တိုင်ပင်မထားဘဲ ကြည့်မိကြသည်။ ကိုပြေသိမ်းကတော့မသိ ၊ ကျွန်တော်ကတော့

အကြံကောင်းလိုက်တဲ့လူ ဟု စိတ်ထဲက ချီးကျူးနေမိသည် ။ အဆင်သင့်ရင် ကျွန်တော်လည်း တတ်နိုင်သလောက်ကလေး ရှယ်ပစ်လိုက်မည် ဟု စိတ်ကူး

မိလိုက်သည်။


 ''အရင်းအနီးကတော့ များမယ်ထင်တယ် '' ဟု ကိုပြေသိမ်းက ချင့်ချင့်ချိန်ချိန် ထောက်လိုက်တော့ '' အဲလောက်တော့ ကျွန်တော့်မှာ ရှိပါတယ် ''

ဟု ထိုလူက ဆိုသည် ။ထို့နောက် ထိုင်ခုံကို ကိုပြေသိမ်းဘက်တိုးကာ သူတို ့နှစ်ကိုယ်ကြား တိုးတိုးတိုးတိုးလုပ်နေကြတော့၏။ ကျွန်တော်လည်း မကြား

ရအတူတူ ငြိမ်နေဖြစ်လိုက်တော့သည်။ 


 ဂျပန်သို့ရောက်လာသူတိုင်းလခစားအလုပ်ကို ပျော်ပျော်ကြီးလုပ်၊ လကုန်လျှင် အိမ်ကိုငွေပြန်ပို့နှင့်သာ အချိန်တွေ ကုန်နေကြတာများသည်။

ထိုသို့သောလူများကြားထဲတွင် ယခုကိုပြေသိမ်းမိတ်ဆွေကဲ့သို့ကိုယ်ပိုင်လုပ်ငန်းတစ်ခုအနေနှင့် အစပြုတွေးခေါ်နိုင်ခြင်းမှာ တွေ့ရခဲ့သော မြန်မာလူမျိုး

ထဲက တစ်ယောက်ဖြစ်လေသည်။ ကျွန်တော်လည်း အားကျစိတ်ဗရပွဖြင့် သူတို့နှစ်ယောက်တိုင်ပင်နေသည်ကို ငေးနေမိ၏။


 သူတို့နှစ်ယောက်သား တိုင်ပင်လိုက် အတည်ပြုလိုက်ဖြင့် စကားဖောင်နေကြတော့၏။ ကျွန်တော်လည်း အသားကင်ကို စားလိုက် ၊ ဘီယာ

လေး မြှုံ့လိုက် လုပ်ရင်းအတော် ရီဝေလာပြီ။ ဘီယာကုန် ဘီယာ မှာလိုက် ၊ အသားကင်ကုန် အသားကင်မှာလိုက်ဖြင့် အချိန်လည်း အတော်လင့်၍

လာခဲ့ပြီ။ နောက်ဆုံးသူတို့ဘယ်လိုဆုံးဖြတ်ချက်ချပြီး ဘယ်တော့တင်သွင်းကြမည်ဆိုတာကို ဘယ်လိုဆုံးဖြတ်ကြသလဲ ကျွန်တော် သိပင်မသိလိုက်တော့။


ညအတော်နက်ပြီး တစ်ဆိုင်လုံးတိတ်ခမန်းလုနီး၍ ကိုပြေသိမ်းက ''ပြန်ကြရအောင်''ဆိုမှ ကျွန်တော်သတိပြန်ဝင်လာသည်။

 '' ဘယ်လောက်ကျလဲ''

 ကိုပြေသိမ်းက မေးလိုက်တော့ ဝိတ်တာက ကုန်ကျငွေဘောက်ချာလေးကို ကိုပြေသိမ်းထံလာပေးလေသည်။ 

 '' ကိုးထောင့်သုံးရာ...၊တစ်ယောက်..သုံးထောင့် သုံးရာပေါ့..'' ဟု ကိုပြေသိမ်းက ဘောက်ချာကိုကြည့်ရင်းပြောလိုက်သည်။


 ကျွန်တော်က နှစ်ယောက်စာ ပိုက်ဆံကို ထုတ်လိုက်ရင်း ''  ကိုပြေသိမ်းအစား ကျွန်တော်ရှင်းလိုက်မယ် '' ဟု ဆိုကာ ကိုပြေသိမ်းမိတ်ဆွေကို

နှစ်ယောက်စာ ကျသင့်ငွေကို  ကမ်းပေးလိုက်၏။ကိုပြေသိမ်းမိတ်ဆွေက သူ့လက်ထဲက ပိုက်ဆံအိတ်ဇစ်ကို ကျွန်တော်တို့မြင်သာအောင်ဖွင့်ပြသည်။ 


 '' အိတ်ထဲမှာတော့ ဘာမှ မရှိဘူး..ဘဏ်ကတ်ထဲမှာတော့ ယန်းအကြွေနှစ်ရာကျော်ပဲရှိတယ် ''

 ပြောလည်းပြော ပိုက်ဆံအိတ်ထဲမှ ဘဏ်ကတ်ကိုလည်းထုတ်ကာ စားပွဲပေါ် ပစ်တင်ပေးလေတော့သည် ။

 ''  ဟင်...ဟာ..''

 ကျွန်တော်နှင့် ကိုပြေသိမ်း၊ နှစ်ယောက်သား ပါးစပ်ဟောင်းလောင်း ဖြစ်သွားရတော့သည်။ 

 '' မင်း...''

 ကိုပြေသိမ်းက ဆတ်ခနဲ ထိုလူ၏ အင်္ကျီကို လှမ်းဆွဲသဖြင့် ကျွန်တော့်မှာ ကိုပြေသိမ်းလက်ကို ကမန်းကတန်း ဖမ်းတားလိုက်ရင်း '' မလုပ်နဲ့

..အစ်ကို ...မလုပ်နဲ့'' ဟုဆိုကာ ရပ်စောင့်နေသော ဝိတ်တာကို သုံးယောက်စာ တပေါင်းတည်းရှင်းပေးလိုက်ရတော့သည် ။


 ''မင်း..''

 ကိုပြေသိမ်းက တမင်းမင်းနှင့် ဒေါသထွက်နေသဖြင့် ကျွန်တော့်မှာ အတင်းထိန်းထားရသည်။ ဆိုင်ပေါ်ရှိသောက်စားနေသူများကလည်း ကြည့်

နေကြသဖြင့် ဆိုင်ပေါ်မှ အတင်းဆွဲခေါ်လာခဲ့ရ၏။ ဆိုင်အောက်သို့ပြန်ရောက်လာသည်အထိ ကျွန်တော်တို့ဘာမှမပြောဖြစ်ကြတော့ ။ ဘူတာရုံသို့

လာရာလမ်းတွင်လည်း ထိုနည်းတူ။ တစ်လမ်းလုံးတိတ်ဆိတ်ခြင်းဖြင့်သာ ခြေလှမ်းများကို လှမ်းလာခဲ့မိကြသည်။ 

 

ကျွန်တော်တို့ဘူတာသို့ရှေ့ကရောက်လာကြတော့ ကိုပြေသိမ်းမိတ်ဆွေသည်လည်း နောက်က ကပ်လျှက် ရောက်လာခဲ့သည် ။ ဘူတာသို့

ရထားရောက်လာသည်အထိ ကျွန်တော်တို့နှုတ်မဆက်ဖြစ်ကြတော့။ ရထားသည် နောက်ဆုံးရထားဖြစ်သဖြင့် လူများက လာစဉ်တုန်းကလိုပင် ပြည့်ညပ်

လျက်ရှိ၏။ ကျွန်တော်တို့အတင်းတိုးတက်သော်လည်း ရထားထဲသို့ကား မရောက်။ နောက်ဆုံး ရထားဝန်ထမ်းများမှ တုတ်ဖြင့်နောက်ကျောဘက်မှ အ

တင်းတွန်းမှသာ ရထားထဲသို့ရောက်သွားကြရတော့သည်။ ရထားထဲတွင်လည်း ခြေတစ်ဖက်ကိုပင် အနိုင်နိုင်ချ၍ရပ်ရသော အနေအထားဖြစ်နေသည်။ 

ကျောပိုးအိတ်များကို ဖြုတ်ကာခြေထောက်ကြားထဲတွင်ချပေးထားရသည်။ ''အုအဲနို''ဘူတာမှစထွက်လာခါမှသာ အနည်းငယ်နေသာထိုင်သာရှိသွားတော့

၏။ 

 ကျွန်တော်သည် ဘာရယ်မဟုတ်ဘဲ မျက်လုံးများကိုဝေ့ကာ ကိုပြေသိမ်းမိတ်ဆွေကို ရှာကြည့်နေမိသည်။ သိပ်မရှာလိုက်ရပါ။ ကိုပြေသိမ်းမိတ်

ဆွေက လူအရမ်းများလွန်းသဖြင့် အနိုင်နိုင်ရပ်နေရသော ရထားပေါ်မှာ ဘယ်ကဘယ်လို နေရာရသွားသည်မသိပေ။ ထိုင်ခုံတွင်အခန့်သားငြိမ့်နေလေ၏။ 

 ''ဘာကြည့်နေတာလဲ''

 

ကိုပြေသိမ်းက တံတောင်နှင့်လှမ်းတွက်ရင်းမေးလိုက်သဖြင့် ကျွန်တော်လည်း ထိုင်နေသော သူ့မိတ်ဆွေကို မေးထိုးပြကာ'' ခင်ဗျားလူက နေ

ရာတွေဘာတွေရလို့ဗျ..ဟိုမှာ..''ဟု ပြန်ဖြေလိုက်ရ၏။

 

ကိုပြေသိမ်းက မည်သည့်တုန့်ပြန်မှုမှ မပြဘဲ အသာပြုံး၍ သာကြည့်နေလေသည်။ ကျွန်တော်ကတော့ ကိုပြေသိမ်းကဲ့သို့ပြုံး၍မကြည့်နေနိုင်

ပါပေ။ လွန်စွာကြပ်လှသော ရထားပေါ်တွင် ခရီးတစ်ခုကို တစ်လမ်းတည်း၊ တစ်ချိန်တည်းသွားနေကြသူချင်းအတူတူ ထိုကဲ့သို့အကျင့်စာရိတ္တရှိသော သူ

လိုလူမျိုးက ဘယ်ပုံဘယ်နည်းကြောင့်နေရာအခန့်သားရနေခဲ့ပါလိမ့်ဟု တွေးနေမိ၏။

 

ကျွန်တော်တို့လိုက်ပါလာသော ရထားကြီးကတော့ ဆက်လက်ခုတ်မောင်းနေတုန်းပဲဖြစ်ပါသည်။


 လူခါး

                Facesမဂ္ဂဇင်း၊အောက်တိုဘာလ၊၂၀၁၈ခုနှစ်


⚠️လွတ်လပ်စွာ Share နိုင်ပါသည်။ ကူးယူဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ⚠️



No comments: