မပြောတော့ဘူးလို့နေတာ။စိတ်ထဲ ဘယ်လိုမှ နေမရလို့
ပြောရဦးမယ်။ ဟိုဘက်ရက်က CDMတွေကို support
လုပ်တဲ့ စာမျက်နှာတခုက CDMတယောက်ကို နာမည်
၊ရာထူး၊ဌာန နဲ့တကွ၊ ချက်ဘောက်က ပြောထားတဲ့ စ
ကားတွေက အဆုံး လိုင်းပေါ်ကို တင်တယ်။
CDM ဝန်ထမ်းဟာ ထောက်ပံ့ငွေကို ရတဲ့နေရာကနေ ရ
သလိုယူဖို့ ကြိုးစားနေတယ် ဆိုတဲ့ အကြောင်းပြချက်
နဲ့ပဲ။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းလိုက်ကတည်းက လူ
တိုင်း လူ့အခွင့်အရေးတွေဆုံးရှုံးကြရတယ်။ သာတူညီ
မျှ ဆုံးရှုံးတဲ့ကြားထဲကနေ ထပ်ပြီး စွန့်စားစွန့်လွှတ်ရဲသူတွေ ပေါ်လာခဲ့တယ်။ အဲဒါ CDM သမားတွေပဲ။
အောက်ခြေဝန်ထမ်းကနေ ပညာရေး ဒေါက်တာဘွဲ့ရတွေ၊ပါရဂူတွေ အတော်များတယ်။ ဆရာဝန်တွေ၊ဦးစီး
ဌာန အရာရှိတွေ၊ စစ်ဗိုလ်တွေ။ စကစ အောက်မှာ အလုပ်မလုပ်နိုင်ဘူးဆိုပြီးလက်သုံးချောင်းထောင်ရင်း
လမ်းပေါ်ထွက်လာကြတယ်။ ဘယ်သူကမှ မတောင်းဆိုသေးဘူး။ သူတို့ဘာသာ လုပ်ကြတာ။ မတရားမှု
ကို ရဲရဲကြီးဆန့်ကျင်ကြတာ။
အာဏာသိမ်း စကစကို ဒုက္ခအပေးနိုင်ဆုံးဟာ CDM ဆိုတာ ထမင်းစားကြီးသူတိုင်းသိတယ်။ မိသားစုနဲ့၊ ဘုစုခရုနဲ့၊ အကြွေးဗရပွနဲ့။ နေစရာအိမ်မရှိ၊လုပ်စရာ
အလုပ်မရှိ။ ဒါပေမဲ့ CDM လုပ်ခဲ့ကြတယ်။ ဘာလို့လဲ။
ရှင်းရှင်းလေး။ မတရားမှုကို လက်မခံချင်လို့။ အဓမ္မကို အလိုမရှိလို့။
တိုက်ခိုက်ရေးလည်းမတတ်၊ကျောထောက်နောက်ခံ
လည်းမရှိ၊ နေစရာအိမ်လည်းမရှိ။ အသက်သေမသွား
တာ တခုကလွဲရင် ပထမဆုံးပေးဆပ်ရဲတာ CDM တွေ
ပဲ။
ရုံးမတက်နဲ့..ရုံးမတက်နဲ့..ရုန်းထွက်..ရုန်းထွက်..တဲ့
အော်ခဲ့ကြတာ။ ကျနော်တို့ အော်ခဲ့ကြတာ။ဟော..အခု
CDM တယောက် တကယ်လုပ်လုပ်၊မလုပ်လုပ်၊ အမှား
တခုကျူးလွန်မိတာနဲ့ နာမည်၊ရာထူး၊ဌာန နဲ့တကွ အုပ်
တော့တာပဲ။
CDM တွေဟာ သေနတ်နဲ့တော်လှန်တဲ့သူတွေ မဟုတ်
ပေမယ့် ဘဝနဲ့တော်လှန်တဲ့သူတွေမို့ CDM တွေကို တန်
ဖိုးထားကြဖို့လိုပါကြောင်း။
#လူခါး
No comments:
Post a Comment