Friday 15 July 2022

ကျွန်တော်၊ဂျိုလီနဲ့ ချစ်ခဲ့ရတဲ့ ရက်တွေ


    (၁)


ကွေးတွန့်ပြီး လှိုင်းတွေလို လှုပ်ခတ်လှပနေတဲ့ ဆံပင်လေးတွေ၊ လခြမ်းနှစ်ခုကို ထိကပ်ထားသလို ဖူး ငုံနေတဲ့နှုတ်ခမ်းထူထူတွေ  အပ်ချုပ်စက် ခုံပေါ် မှာ

လှုပ်ရှားနေတဲ့  သွယ်လျ ဖျတ်လတ်နေတဲ့ လက်ချောင်း ရှည်မျောမျောလေးတွေ  ပြီးတော့ ကျွန်တော် ဘာလုပ်လုပ်နားလည်ပေးနေတတ်တဲ့ မျက်ဝန်းတွေ။ အချစ်ဆိုတာ ကျွန်တော်တို့ နှစ်ယောက်ကို တစ်ဘဝစာလုံး ချည်နှောင်ထားတဲ့ ပင့်ကူမျှင်တွေလား။


()


ကျွန်တော့်မှာ စိတ်ကူးတစ်ခု ရှိခဲ့ဖူးတယ်။ အဲဒါက “အင်ဂျလီနာဂျိုလီဖတ်ဖို့ ငါ့ဒိုင်ယာရီ” ဆိုတဲ့ နာမည်နဲ့လုံးချင်းစာအုပ် တစ်အုပ် ရေးဖို့ပါ။ ဒါ့ကြောင့်လည်း အဲဒီနာမည်ပေးပြီး ရေးခဲ့ဖူးတဲ့ ကျွန်တော့် ဘဝရဲ့ ပထမဆုံးရေးခဲ့တဲ့ ဝတ္ထုတိုလို့ ဆိုရလောက်အောင် စောစောကာလတွေကတည်းက ရေးသားခဲ့တဲ့  ဝတ္ထု

တိုကလေးကို ရှေ့က ထွက်ထားခဲ့တဲ့ စာအုပ်တွေ ထဲမှာ တမင်သက်သက်ကို မထည့်ဘဲ ချန်ထားခဲ့လိုက်တယ်။အကြောင်းပြချက်ကတော့ နာမည်လေးကို နှမြောလို့ပါ။ ဂျိုလီ့အကြောင်းကို အများကြီး ပြောခွင့်

ရခဲ့ချင်လို့ပါ။ ကျွန်တော့်ဘဝရဲ့ ရှင်သန် လွတ်မြောက်ရာ ဇာတ်လမ်းတွေမှာ ဂျိုလီဟာ ဖြတ်လျှောက်တစ်ယောက်အနေနဲ့ ဘယ်တော့မှ မဟုတ်ခဲ့ဘူး။ ကျွန်

တော့်ရဲ့ မရိုက်ဖြစ်သေးတဲ့ ရုပ်ရှင်ထဲမှာ ဂျိုလီ ဟာ 

မင်းသမီးပဲ။ ဘုရင်မပဲ။


ဂျိုလီနဲ့ အကြောင်းကို ဝတ္ထုတိုအဖြစ်ပဲ ရေးခဲ့လိုက်ရတာဟာ ကျွန်တော်နဲ့ ဂျိုလီရဲ့ တွေ့ဆုံမှုအတွက် အာသာ မပြေခဲ့ဘူး။ ကျွန်တော်က ဂျိုလီနဲ့ ခရီးရှည်ကြီးတွေ ထွက်ချင်တာ။ ဝိုင် အတူသောက်ချင်တာ။ ရုပ်ရှင်အတူ ကြည့်ချင်တာ။ ကျွန်တော်က ကားမောင်း၊ ဂျိုလီက ဘေးနားမှာ ထိုင်၊ရယ်မောပေါ့။ ကျွန်တော်နဲ့ ဂျိုလီရဲ့ အချစ်ဇာတ်လမ်းကို စာမျက်နှာ ၁၅၀၀ ရှိတဲ့ စာအုပ်တစ်အုပ် အဖြစ် တခမ်းတနား ဖွဲ့ဆိုချင်ခဲ့တာ။ 


ဒါပေမဲ့ ကျွန်တော်ရောက်နေတဲ့ နိုင်ငံ၊ ကျွန်တော် ရောက်နေတဲ့ ရပ်ဝန်း၊ စက်ရုပ်ဆန်မှုတွေ၊ လူလူချင်း ကိုက်စားနေမှုတွေ၊ မျက်နှာပေါ်မှာ တစ်လွှာချင်း တင်ထားတဲ့ အပေါစား မျက်နှာတုတွေ၊ နေ့တဓူဝ ပြေးလွှား ရှင်သန်ရခြင်းတွေကြောင့် ကျွန်တော့်ရဲ့ စိတ်ကူးအကြမ်းထည်ကို အတွေးပြတိုက်ထဲမှာ ခေါက်သိမ်း ထားလိုက်ရတယ် ဆိုပါတော့။


ဒီလိုနဲ့ ရက်တွေ ကြာ..ကြာ..လာ။ ကျွန်တော်လည်း ဂျို

လီ့အကြောင်းမဖွဲ့ဖြစ်သေးတဲ့ စာတွေအတွက် ငတ်မွတ် တောင့်တ မောဟိုက်လာ။


အဲဒီလို နေ့ရက်တွေကို တင်းမခံနိုင်တော့တဲ့ အဆုံး ကျွန်တော့်ရဲ့ တတိယမြောက် ဝတ်ထုတို ပေါင်ချုပ်လည်းဖြစ်၊ ဆဌမမြောက် တစ်ကိုယ်တော် စာအုပ်လည်း ဖြစ်တဲ့ အခုစာအုပ်လေးကို လုံးချင်း ရေးချင်တဲ့ နာမည်လေးနဲ့ပဲပန်းဆက်လမ်းစာပေကနေ စီစဉ်တဲ့ စုစည်းမှု စာအုပ်လေး အဖြစ် ထုတ်ဝေ လိုက်ရတော့တာပါပဲ။


အင်ဂျလီနာဂျိုလီဖတ်ဖို့ ငါ့ဒိုင်ယာရီ..တဲ့။ ချစ်တဲ့ ဂျိုလီ့ကို ရည်ညွှန်းလိုက်ရပေမယ့် စာဆိုတာ နေ့စဉ်ရှူသွင်းနေတဲ့ လေလိုပါပဲ။ ဘယ်သူ့ အတွက်မဆို  အဓိပ္ပါ

ယ် ရှိပါတယ်။ 


ချစ်ခင်စွာ

လူခါး

၂၀၂၂၊၀၇၊၁၅၊ဂျပန်

No comments: