ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုတာ မယုံနဲ့
ညာတာ
ငါတို့က တွန်းလို့
သူတို့က လှည်းပေါ်မှာ။
မိဘပြည်သူများခင်ဗျာ လို့ အခေါ်ခံရဖို့
ငါတို့မှာ အသက်တွေ ရင်းရ
အနာဂတ်တွေ ရင်းရ။
ပြေးစရာမြေကလည်း ဒီမြေ
ကျောချစရာမြေကလည်း ဒီမြေ။
ငါတို့ဟာ သစ်ပင်တွေပဲ
ဒီမြေကြီးထဲက ထွက်လာခဲ့ရပြီး
ဒီမြေကြီးထဲပဲ ပြန်ဝင်ကြရမှာ။
လေယာဉ်ပျံကြီးနဲ့ ကြဲနေပြီလို့
လေယာဉ်ပျံကြီးစီးသွားတဲ့ လူတွေက
လေလှိုင်းပေါ်ကနေ အော်တော့
ငါ့တို့မှာ ကိုယ့်အသက်ကလွဲ
ဘာများ ထပ်ဆွဲစရာ ရှိလို့လဲ။
ထန်းပင်တွေလို ဖြောင့်စင်းတယ်
ထနောင်းတွေလို ကြံ့ကြံ့ခံတယ်
လက်ပံတွေလို ရဲရင့်တယ်။
နားကပ်လည်း ချွတ်ပေးခဲ့
ရက်ကန်းစင်လည်း ရောင်းကူခဲ့
လယ်ယာမြေတွေဟာ မီးပင်လယ်နဲ့မခြား။
ဘာများ မှားခဲ့ကြလို့လဲ
မညာတတ်ဘဲ အညာခံခဲ့ကြရတယ်။
#လူခါး
၂၀၂၄-၀၅-၁၀၊မနက်၅:၀၀
FUKOKU JP
No comments:
Post a Comment