တစ်ကိုင်းထည်းနားခွင့်ရမယ် ဆိုရင်တောင်
ငှက်နှစ်ကောင် မဖြစ်ချင်ဘူး
တစ်ကောင်,ကောင် ခန္ဓာဆဲသွားရင်
လွမ်းကျန်ရစ်မယ့် ငှက်တစ်ကောင်
ကိုယ်....မဖြစ်ချင်လို့ ...။
ကိန္နရီ ကိန္နရာ မောင်နှံ
တစ်ညလေးဝေး နှစ်ပေါင်းခုနှစ်ရာဆွေးရတယ်...တဲ့
ကိုယ်သာ မင်းလေးနဲ့ 
တစ်ညရဲ့  တစ်စိတ်တစ်ခြမ်း
ဝေးကွာပြီး လွမ်းခဲ့ရရင်
အသက်နဲ့  ခန္ဓာကိုယ်ပြိုကွဲ
ဝင်သက်ထွက်တွေ လွဲမှားရချေရဲ့ ချစ်သူရယ်...။
တစ်ကိုင်းတည်းနားရမယ့် ငှက်နှစ်ကောင်လည်းမဖြစ်ချင်ဘူး
ကိန္နရီကိန္နရာ မောင်နှံလိုလဲ
ဝေး....မဆွေးချင်ဘူး....။
ပင်စည်က ထွက်တဲ့ အကိုင်း
အကိုင်းကထွက်တဲ့ ရိုးတံ
၇ိုးတံ ကထွက်တဲ့ အရွက်
နှစ်လွှာပေါင်းမှ တစ်ရွက်
စွယ်တော်ရွက်ကလေး ဖြစ်ချင်တယ်...။
မုန်တိုင်းထန်လို့  ရိုးတံကြွေခဲ့ရင်တောင်
မကွဲမကွာ အသဲမနာကြေး
အတူယှဉ်တွဲ.....
အမြဲမခွဲကြပဲပေါ့...။.....။
ငှက်နှစ်ကောင် မဖြစ်ချင်ဘူး
တစ်ကောင်,ကောင် ခန္ဓာဆဲသွားရင်
လွမ်းကျန်ရစ်မယ့် ငှက်တစ်ကောင်
ကိုယ်....မဖြစ်ချင်လို့ ...။
ကိန္နရီ ကိန္နရာ မောင်နှံ
တစ်ညလေးဝေး နှစ်ပေါင်းခုနှစ်ရာဆွေးရတယ်...တဲ့
ကိုယ်သာ မင်းလေးနဲ့ 
တစ်ညရဲ့  တစ်စိတ်တစ်ခြမ်း
ဝေးကွာပြီး လွမ်းခဲ့ရရင်
အသက်နဲ့  ခန္ဓာကိုယ်ပြိုကွဲ
ဝင်သက်ထွက်တွေ လွဲမှားရချေရဲ့ ချစ်သူရယ်...။
တစ်ကိုင်းတည်းနားရမယ့် ငှက်နှစ်ကောင်လည်းမဖြစ်ချင်ဘူး
ကိန္နရီကိန္နရာ မောင်နှံလိုလဲ
ဝေး....မဆွေးချင်ဘူး....။
ပင်စည်က ထွက်တဲ့ အကိုင်း
အကိုင်းကထွက်တဲ့ ရိုးတံ
၇ိုးတံ ကထွက်တဲ့ အရွက်
နှစ်လွှာပေါင်းမှ တစ်ရွက်
စွယ်တော်ရွက်ကလေး ဖြစ်ချင်တယ်...။
မုန်တိုင်းထန်လို့  ရိုးတံကြွေခဲ့ရင်တောင်
မကွဲမကွာ အသဲမနာကြေး
အတူယှဉ်တွဲ.....
အမြဲမခွဲကြပဲပေါ့...။.....။
လူခါး
No comments:
Post a Comment