သိပ်မခက်ပါဘူးဗျာ...
ဒီမှာ.....
ဖေးမလက်တွေ ရှိတယ်...။
လေဟုန်စီးကြတာချင်း အတူတူ
ညီညွတ်ခြင်း ဆိုတဲ့ ဆောင်ပုဒ်ကို
တောင်ပံလုပ်ပြီး ပျံသန်းတယ်...။
စေတနာတွေကို အန်..အန်ထုတ်ပြတာတောင်
ကမ္ဘာကြီးက ခုထိ
ကလန်ကဆန် ပြန်ပြန်လုပ်တုန်း...။
တကယ်တော့....
ခင်ဗျားတို့  ကိုယ်တိုင်က
ကမ္ဘာကြီးလုံးကြောင်း သက်သေမပြရဲလို့ 
ကံကောင်းခြင်းတွေက ပုန်းပုန်းနေခဲ့ကြတာပါ...။
ကြည့်.....
အပြုံးပန်းခက်တွေနဲ့ ဟိုမှာ...ကြိုးကြာတွေ လှမ်းတက်လာပြီ...
ကံကြမ္မာကို စိန်အရောင်လို...ချယ်..သ..ဖို့ 
(ခင်ဗျား....အခုပဲ)
အိပ်ယာက...နိုး...ထ...တော့...။...။
လူခါး
(Shuang Hor မိသားစုအတွက် အမှတ်တရ.)
No comments:
Post a Comment