Monday 19 March 2012

''ဆုတောင်းပေးကြပါ''

ဝဲ မှ ယာ
ရမ်းဗြဲ ၊ ဒေးဒရဲ ၊ နတ္တလင်း ၊ မြန်အောင် ၊ မြင်းခြံ

''လောကဓံကို ရင်ဆိုင်ကြသူများ"
 

ဒီဓာတ်ပုံကို အဲသလို ခေါင်းစဉ်တပ်လိုက်တယ်

ဆုတောင်းပေးကြပါ
ရန်ကုန်ကို စင်ကာပူလို ပြင်ဆင်ရင်း
ဆုတောင်းပေးကြပါ
ငါးထောင်တန်ဖုန်းအကြောင်းနားထောင်ရင်း
ဆုတောင်းပေးကြပါ
မိသားစုနဲ့ ထမင်းလက်ဆုံစားရင်း

ဆုတောင်းပေးကြပါ
ကိုယ့်မြေကိုယ့်ရေမှာ လွတ်လပ်စွာသွားလာရင်း
ဆုတောင်းပေးကြပါ
လူကြီး လူငယ် သင့်မြတ်အောင်နေထိုင်ရင်း
ဆုတောင်းပေးကြပါ
ကိုယ့်အိပ်မက်နဲ့ ကိုယ် မိုးလင်းအောင်အိပ်ရင်း
ဆုတောင်းပေးကြပါ
အမေ့ထဘီကို စိတ်ပါလက်ပါလျှော်ဖွပ်ရင်း
ဆုတောင်းပေးကြပါ
အတောင်ကျိုးငှက်တို့ ရဲ့ အာခြစ်သံကို ရှိုက်ငင်ရင်း
ဆုတောင်းပေးကြပါ ။
ဆုတောင်းပေးကြပါ ။

ဒါ....
ပတ်(စ်)ပို့ အတုနဲ့ အိုဗာစတေးဖြစ်သွားတဲ့
ကျွန်အသစ်အကြောင်း ကဗျာ  ။   ။


                                                    လူခါး

           မတ် ၊ ၂၀၁၂ ၊ ခရမ်းရိပ်အွန်လိုင်းမဂ္ဂဇင်း

  

                           

No comments: