Friday 17 August 2012

ဝင်လေ ထွက်လေ

တကယ် အမှန်အတိုင်း ၀န်ခံရရင် ဘုန်းဘုန်းကြီးက အသက်လေးဆယ်ကျော်မှ ဘုန်းကြီးကျောင်း လာမယ်ဆိုရင်ဘယ်တော့မှမလာခဲ့နဲ့ဆိုလို့လာခဲ့ရတာ။အိမ်ကိုသတ်သတ်မှစိတ်ချတာမဟုတ်ဘူး။စိတ်ချနိုင်စရာအေ
ကြာင်းကလည်းတစ်ကြောင်းမှမရှိဘူးလေ။
        အိမ်ကဟာကြီးကအသက်သာကြီးတာ၊ခုထိဘာစိတ်ညာစိတ်မကုန်သေးဘူး။ဆံပင်ကိုအနက်
ဆီထိုးလိုက်။အ၀တ်အစားကိုတစ်နေ့တစ်မျိုးမရိုးရအောင်ဝတ်လိုက်နဲ့။မိကလည်းသူများဟာသာကယို ဟ့်ာလပုခ်ျငတ်ာ။ကယိုဟ့်ာကျတော့သူများကိုမပေးနိုင်ဘူး။မိကသာတစ်ပင်လဲလို့တစ်ပင်ထူတာမှန်ပေမယ့် သူက မိရဲ့ အလှနဲ့ ပစ္စည်းဥစ္စာတွေကြောင့် မိ ရင်ခွင်ထဲ ရောက်လာခဲ့ရတာမဟုတ်လား။သူ့အရင်ဟာကြီးက မိထက်ပစ္စည်းဥစ္စာ သာပေမယ့် မိမှာ ရှိတဲ့ ရင်သပ်ရှုမောဖွယ်ရာတွေကိုတော့ဘယ်မှပါ့မလဲ။မိကလည်းသူ့ကို ဘယ်လွယ်လွယ် လက်ခံပါ့မလဲ။ မိမှာက သမီးနှစ်ယောက် ပါခဲ့သေးတယ်။ အဲဒီ သမီးနှစ်ယောကက်ေိုရာမကိ ပိုါတစသ်ကလ်ုးံတင့်တောင်းတင့်တယ်လုပ်ကိုင်ရှာဖွေ ကျွေးမွေးနိုင်မယ့်အရည်အချင်းရှိလို့သာလက်ခံခဲ့တာပေါ့။ ပြီးတော့မိထက်လည်းအသက်အများကြီးကြီးတယ်။အဲဒါကိစ္စမရှိပါဘူး။အရေးကြီးတာကမသေခင်များများရှာပေးနိုင်ခဲ့ဖို့ပဲ
လေ။ဟုတ်တယ်။အဲဒါမှမိသမီးနှစ်ယောက်လည်း နောင်ရေးစိတ်အေးရမယ်မဟုတ်လား။မိလေသမီး နှစ်ယောက် အတွက်သူ့ကိုအားကိုးခဲ့ရပေမယ့်တကယ်တမ်းကျတော့သမီးတွေအတွက်စိတ်မအေးရဘူး။အကြီးမကသူ့ယောက်ျားနဲ့သူ
ဆိုပေမယ့်မနက်လင်းတာနဲ့မိတို့အိမ်ကိုလာ။စားသောက်ပြီးညနေမှ ပြန်တာ။သူ့ယောက်ျားမိသားမက်ကျတော့ မိက အိမ်က ဟာကြီး မသိအောင် ထမင်းဖိုး ထောက်ပံ့။ အဲဒီလိုနဲ့နေလာတာ မိမှာ မြေးမလေး
တစ်ယောက်တောင် ရနေပြီ။ပြီးတော့ သူတို့ လင်မယားကိုစတိုးဆိုင်လေးတစ်ဆိုင်လည်း ဖွင့်ပေးထား
ရသေးတယ်။လကုန်ရက် ရောက်တာနဲ့အမြတ်ငွေကဒါဆိုပြီးတော့မိအိတ်ကပ်ထဲကပိုက်ဆံကိုပဲသူတို့အမြတ်လုပ်ပြီး အိမ်ကဟာကြီးကို ပြလိုက်ရတာပေါ့။အခုလိုမိတရားစခန်းဝင်နေတဲ့ခုနှစ်ရက်အတွင်းတော့အိမ်ကိုမလာခဲ့နဲ့လို့ မှာထားခဲ့ရတယ်။
             ဟော...တရားစခန်းဆိုမှမိလည်းဘာတွေ တွေးနေမိမှန်းမသိပါဘူး။အသက်ကိုမှန်မှန်ပြန်ရှူ၊ခါးကို ပြန်မတ်။
အရေးထဲ ခြင်ကညာဘက်တင်ပါးကိုကိုက်နေသေးတယ်။ဟင်း...အိမ်မှာဆိုရင်တော့လျှပ်စစ်ယပ်တောင်စာ ကျွေးပစ်လိုက်မှာ
ပေါ့။တရားစခန်းမှာဆိုတော့ သွေးလှူတယ်လို့ပဲသဘောထားရတော့မှာပါ။ခြင်ကိုက်တာကိုကြိတ်မှတ်ခံနေတုန်း ညာဘက်က ယောဂီဆီကဟင်းကနဲသက်ပြင်းချသံကြားရတယ်။အဲဒါမိရဲ့သမီးအငယ်မလေ။အိမ်မှာထားခဲ့ရမှာ
စိတ်မချတာနဲ့ခေါ်လာခဲ့တာ။သူ့မလည်းဘယ်ဘ၀က၀ဋ်ပါလိမ့်လို့တွေးနေမလားမသိပါဘူး။အဲဒီအငယ်မကို အိမ်မှာမထားခဲ့ရဲ့ဘူး။ ကျောင်းကလည်းကြီးသွား၊အရွယ်ကလေးကလည်း ရောက်ပြီဆိုတော့အိမ်ထဲမှာကိုမနေချင်တောဘူး။ အကြောင်းမရှိအကြောင်းရှာပြီးအပြင်ထွက်ချင်နေတော့တာ။ဒီကောင်မတော့ ကောင်းကောင်းထိန်းထားမှရမယ်။ အကြီးမတုန်းကလည်းကျောင်းတစ်ဝက်တစ်ပျက်နဲ့ ဟိုကလေးက ဈေးနဲ့နီးရာ လိုက်သွားတာ။ပြီးတော့မိကပဲ အရင်းအနှီးထုတ်ပေး။အိမ်ကဟာကြီးမသိအောင်ခိုးဝှက်ပေးနေရတာ။အဲဒါကြောင့်အငယ်မကိုတော့ပြောထားရတယ်။ သမီးရယ်၊ ညည်း အစ်မယောက်ျားထက် သာတဲ့ ယောက်ျားတော့ရအောင် ရှာယူလို့။
          ဒါပေမယ့် နားမထောင်ပါဘူး။ဒါပေမယ့် နားမထောင်ပါဘူး။သူထင်ရာ သူလုပ်တော့ပါပဲ။ ဟိုတလော
က သူနဲ့ဖြစ်နေတာ ၀န်ထမ်းတဲ့။ ပြောပြီးသားကိုပဲ။ မိတို့က ကုန်သည်မျိုးရိုး။ မိသမီးတွေနဲ့ပတ်သက်တဲ့ သူကလည်း ကုန်သည်ပဲ ဖြစ်ရမယ်လို့။ အခုတော့ မိန်းမ ထဘီနားကပ်စားမယ့် ကောင်ကိုပဲ ရွေးကြတယ်။ ဒင်းတို့တော့ ဖွတ်ထွက်မှ တောင်ပို့မှန်းသိမယ့်ဟာတွေ။မိတို့ကအဲဒီဘက်မှာတော့လုံးဝအပီပဲ။ပီရမယ်လေ။ မပီရင်ကိုယ့်ဝမ်းကိုယ်ကျောင်းနေရမှာပေါ့။အခုတော့အခန့်သား။ဘယ်လောက်ဟန်ကျသလဲ။အရင်တစ်ယောက်တုန်းကလည်း လူကသာ အရက်သမား။ မိဘတွေက အပျံစားပဲ။ ဟော အခု သူ့ဟာ သူ ပက်ကနဲလည်းသေသွားရော မိတို့က တိုက်တစ်လုံးနဲ့ ရွှေထည် ငွေထည် အပြည့်။ အသာလေးပဲ။ မိက လပုေ် ပးရတာဆလိို့ု ကလေးနစှေ်ယာက်မွေးပေးရတာပဲရှိတယ်။ဒါကလည်းစားလိုက်သောက်လိုက်နဲ့ပြီးသွားတာ။ဘာမှမခက်ဘူး။
                အခုတစ်ယောက်ကျတော့တောသား၊ အောက်ခြေကတက်လာတဲ့လူ။မိကိုချစ်ရင်မိအလိုကျလုပ်လေလို့
 တစ်ခွန်းပဲ ပြောရသေးတယ်။ သူ့အဟောင်းကြီးကို သစ်စိမ်းချိုး၊ ချိုးပစ်လိုက်ပြီး မိ ရင်ခွင်ထဲတန်းလို့။ မိပဲလေ... ။ အဲဒီဘက်ကတော့ကျွမ်းပြီးသားပဲ။ခက်တာက အဲဒီလူကြီးက ကိုမျိုး ချစ်ြကီး ။ မျိုး ချစပ် ဂ္ဂိုလ်ြကီး ။ မိ မသေိ အာင်သူ့အစ်မတွေကို ခိုးခိုးပေးတတ်တယ်။ အစ်မကြီး အမိအရာ ဆိုပြီးတော့လေ။ဒီကြားထဲ ခိုင်းဖို့ခေါ်ထားတဲ့အလုပ်သမားတွေကလည်း သူ့ရွာကဟာတွေ။ တစ်ယောက်မှ စိတ်မချရဘူး။ ဟို
ထွန်းဉာဏ်ဆိုတဲ့အကောင်။ဒီကောင်ကပညာလေးဘဇလေးတတ်တော့ထစ်ခနဲဆိုမခံဘူး။ ပြန်ပြန်ပြောတတ်တယ်။ တရားစခန်းအတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့တရားစာလေးတွေတီးမိခေါက်မိရှိအောင်လည်း နေပါတယ်ဆိုမှ ဒင်းက ဘာမေးတယ် မှတ်သလဲ။ အန်တီ အဲဒါ ဘာသီချင်းလဲတဲ့။ ဒင်းတော့လား။ တစ်နေ့နေ့
ကိုယ့်ပိုက်ဆံ ကိုယ်ခိုးပြီး ရွာကို ပြန်ပြေးအောင် လုပ်ပစ်ဦးမယ်။ဟိုအကောင် သံလုံး။ ဒီကောင်ကတော့ မဆိုးဘူး။ မိ ခိုင်းချင်သလို ရတယ်။အိမ်က ဟာကြီးမသိအောင် ဟိုဟာလေးဝယ်ခိုင်း၊ ဒီဟာလေး ၀ယ်ခိုင်း ခိုင်းလို့ရတယ်။ ပြီးတော့ သူ့ကို နှစ်ရာလောက် ပေးလိုက်။ နှုတ်ပိတ်ခပေါ့။ ထဘီက အစ ရွှေ
ထည်ပစ္စည်းအထိဝယ်ခိုင်းလို့ရတယ်။ဒါပေမယ့်သူလည်း မောင်းထုတ်ရမှာပါပဲ။သူနဲ့ထွန်းဉာဏ်နဲ့က နှစ်ကွပ် တစ်စိတ်ရယ်။
         မိကသာ ဒင်းတို့ကို မောင်းထုတ်ချင်နေတာ။ အိမ်က ဟာကြီးက ဒင်းတို့ကိုတော့ အသည်းစွဲ။
မိတို့ရဲ့အဓိကလုပ်ငန်းကအရောင်းအ၀ယ်ဆိုတော့ တော်ရုံတန်ရုံလူဆိုရင်ကတ္တားမကြည့်တတ်တာနဲ့တင်ခိုင်း
လို့မရတော့ဘူး။ဟိုနှစ်ကောင်ကျတော့ဘက်စုံရတယ်။ရအောင်လည်းဝယ်တတ်တယ်။ထွက်အောင်လည်း ရောင်းတတ်
တယ်။တစခ်ါတစ်ေလများဆိုမစားရေဲအာင်မြတ်တာ။မိကတော့များများမြတ်လေကြိုက်လေပဲ။ခိုးလို့မြတ်မြတ်၊ ၀ှက်လို့မြတ်မြတ်။ခိုးရင်ဝှက်ရင်လည်းကိုယ်ခံရတာမှမဟုတ်တာ။အလုပ်သမားနှစ်ယောက်နဲ့အိမ်ကဟာကြီးပဲခံရမှာ။မိတို့ကတော့သောက်ရေအိုး ဖင်ပေး အေးအေးပဲ။ ဒီတစ်ပင်လည်း ကြည့်ပါလား။မိအလှမိအနေနဲ့ခယဖူးမြှောက်နေတဲ့လူတွေ ခေါင်းခေါက်
တကယ်တော့ ကံဆိုတာကလည်း အခက်သားလား။ ကြည့်လေ မိလည်း တောသူပဲ။ ဒါပေမယ့် မိတို့ တော
သူက မယားတောသူဆိုတဲ့ ရှေးလူကြီးတွေစကား ဓာတ်ကျနေတဲ့ တောသူ။ ကိုယ့်စိတ်ကြိုက်ဖြစ်မယ့်လူကို ထိုင်စောင့်နေရုံပဲ။ ဟော ကိုယ့်လက်ထဲရောက်တာနဲ့သွန်လိုသွန်၊ မှောက်လိုမှောက်။ ကောင်းပေ့ဆိုတာတွေ ၀တ်။ ကောင်းပေ့ဆိုတာတွေ စား။မရောက်ဖူးတဲ့နေရာ အကုန်လျှောက်သွား။ဘာမှ ဦးနှောက်စားမနေရဘူး။
ဟော အခု အသက်ကလေးလည်း ရလာရော။ ပတ်ဝန်းကျင်ကို သတိထားမိလာတယ်။ မိနဲ့ရွယ်သူတွေ ဘုရားသွား၊ ကျောင်းတက်လုပ်နေကြပြီ။ ဘယ်ရမလဲ။ မိတို့က ဒီလောက်တော့လည်ပြီးသား။စိတ်မပါဦးတော့
လုပ်ပြလိုက်တာပေါ့။ကံကောင်းချင်တော့ ပြောပါတယ်။ ခုနှစ်ရက်တရားစခန်းတဲ့။ ကြားကြားချင်း ချက်ချင်း စာရင်းသွားသွင်း။ တရား
စခန်းမှာ ၀တ်ဖို့ ယောဂီဝတ်စုံ အထက်အောက် ၀မ်းဆက် သမီးငယ်နဲ့ မိနဲ့ပေါင်းပြီး ဆယ်စုံလောက် ချုပ်။ လှူဖို့တန်းဖို့ကောင်းပေ့ ညွန့်ပေ့ဆိုတာတွေ ၀ယ်။ တရားစခန်းမှာ ကျွေးတဲ့ ထမင်းနဲ့ဟင်းကို
မစားနိုင်မှန်း သိလို့ အိမ်ကနေ အကြော်အလှော်တွေ အရံသင့် ကြော်ထည့်ခဲ့လိုက်တယ်။မိကသာ တခမ်းတနား ထုပ်ပိုးပြင်ဆင်နေတာ အငယ်မကတော့ အချဉ်ထုပ်တွေပဲ သိမ်းကြုံးထည့်လာတယ်။ ဆိုးတော့ မဆိုးဘူး။ သူများတွေက ငိုက်နေပြီ။မိတို့သားအမိက အချဉ်ထုပ်ကလေး ငုံထားတော့ အေးဆေးပဲ။
           တရားစခန်းဝင်တယ်ဆိုတာ မိက တစ်ခါမှ မ၀င်ဖူးတော့ ခက်လိမ့်မယ်ထင်နေတာ။ အခုမှ သိတယ်။ တရားစခန်းဝင်တယ် ဆိုတာ တကယ်တော့ မျက်လုံးလေး မှိတ်ပြီး ငြိမ်ငြိမ်လေး နေတတ်ဖို့ပဲအရေးကြီးတယ်။ တိတ်ဆိတ်နေတော့ တွေးလို့တောင် ကောင်းသေး... ။

                                                                                                လူခါး
                                                                  စာပွင့်လွှာရသစုံမဂ္ဂဇင်း  ၊ မလေးရှား
                                                                    သြဂုတ်လ၊ အတွဲ (၂)

No comments: