မိသားစုဘဝဆိုတာခွဲနေရမှ ပီပြင်တယ်လား
ကဗျာရဲ့ ပထမဆုံးအကြောင်းကအဲသလိုမတင်မကျ
မေးသလိုလိုဖြေသလိုလိုကောက်ချက်ချသလိုလို
ခွဲခွါခါနီးဇနီးရဲ့ အနမ်းကအသက်မပါသလိုလိုပါသလိုလို
ပင့်သက်ရှိုက်သလိုလိုဟိုလိုလိုဒီလိုလိုဖုန်းဆက်လိုက်တိုင်း
မမြင်ဖူးသေးတဲ့သမီးလေးကနေကောင်းလားဖေဖေ
သူပဲသိသလိုလိုမသိသလိုလိုဘာလိုလိုပိုက်ဆံဆိုတာ
အဖေဆိုတဲ့လူကဖြစ်တာလိုလိုတွင်းထဲကနှိုက်ရတာလိုလို
သူ့ အဖေမှာငွေတွင်းကြီးရှိသလိုလိုဘာလိုလိုညာလိုလို
အဖေ့အထက်ကအစ်ကိုတစ်ယောက်အမတစ်ယောက်
ဆုံးပါးသွားတော့သံဝေဂရသလိုလိုလွမ်းဆွတ်သလိုလို
ယူခဲ့တင်ရှိခဲ့ဖူးတဲ့ကျေးဇူးတွေအတွက်နောက်တရသလိုလို
အဖေနဲ့ အမေဆိုတဲ့နောက်ဆက်တွဲအတွေးနဲ့ ရှေ့ ဆက်မတွေးရဲ
တော့သလိုလိုအပေါင်းအသင်းတွေကပြန်တော့မှာလိုလိုကိုယ်ကနေခဲ့
ရတော့မှာလိုလိုကဗျာဆရာဖြစ်ဖို့ ကဗျာဆရာတွေနဲ့ ပေါင်းရသင်းရ
တော့မျာလိုလို ကဗျာထဲနိုင်ငံတကာအရေးဟိုအရေးဒီအရေး
ထည့်ရေးရတော့မှာလိုလိုဟိုလိုလိုဒီလိုလိုအိုဆမာဘင်လာဒင်မှသည်
ဟစ်တလာအထိပြန်ဆွဲရေးရတော့မှာလိုလိုကဒါဖီကဒါဖီနဲ့ ကဒါဖီ
အကြောင်းဗီလိန်အနေနဲ့ ထည့်ရေးရတော့မှာလိုလိုဟိုလိုလိုဒီလိုလို
(မိသားစုဘဝပီပြင်ဖို့ ခွဲနေရတော့မှာလိုလို)အထက်ပါကွင်းခတ်ထားသော
ဝါကျကကဗျာရဲ့ ပထမဆုံးစာကြောင်းနဲ့ သွားတူနေသလိုလိုဘယ်ရွေ့ 
ဘယ်လောက်အထိဟိုလိုလိုဒီလိုလိုဖြစ်သလဲဆိုဒီကဗျာကိုကျွန်တော်
ရေးသလိုလိုမရေးဘူးလိုလိုမေ့သလိုလိုဘာလိုလို
လူခါး
No comments:
Post a Comment