လက်ဖဝါးပေါ်တင်ပြီးလေထဲမြှောက်လိုက်တော့
တခစ်ခစ်ရယ်တယ်
ပုခုံးပေါ်တင်ပေးထားတော့
သူ့ ခြေထောက်ကလေးတွေက လှုပ်တုပ် လှုပ်တုပ်
ကျွန်တော့်ဆံပင်ကိုဆွဲ ၊ ပြီးတော့ ဆဲသေးတယ်
ဖေဖေ...တဲ့..။
အဝေးက သမီးလေးသို့  လွမ်းဆွတ်သတိရသောအားဖြင့်
လူခါး
၀၅၊ ၀၉၊ ၂၀၁၂၊ ကွာလာလမ်ပူ
မနက် ၁၀ နာရီ ၅၉ မိနစ်
No comments:
Post a Comment