Thursday 18 October 2012
တိမ်တွေလို လေယူရာ မရွေ့ တတ်တာခက်တယ်
အခု လက်ထဲက မန်မိုရီ စတစ်ကို ခင်များဇိမ်ခံပစ္စည်းထဲက ဆွဲထုတ်လိုက်
ဘယ်အချိန်လွှင့်လိုက်လွှင့်လိုက် ကောင်းကင်နဲ့ နေ့ နံ မတည့်တဲ့ လေတံခွန်
သုံးဆယ်ရာခိုင်နှုန်း ဖွင့်ပြောခဲ့တာတောင် ကောင်မလေးက မီးစိမ်းမပြသေးဘူး
၂၄ နာရီလုံးလုံး လှည့်ပါတ်နေရတဲ့သွေးကို အားနာနေရတယ်
ရောဂါက သူများအင်္ကျီကျပ်ကျပ်ယူဝတ်ထားမိတဲ့ ဒုက္ခနဲ့ တစ်ထေရာထဲ
စီးဝင် စီးဝင် တစ်စီးပြီး တစ်စီး စီးဝင်
ရယ်ဒီမိတ်ဖြစ်ဖြစ် စက်ကင်း ဟမ်း ဖြစ်ဖြစ် ကျည်ဆံဟာ သေနတ်ထဲရောက်မှ လူရာဝင်တယ်
ပြောရရင် ကားအကောင်းစားကြီးတစ်စီးထက် သစ္စာရှိသောခွေးတစ်ကောင်လောက်မွေးချင်တယ်
ကျွန်တော့်  ချောင်းဟန့် သံကြောင့် အိပ်နေတဲ့ ထိကရုန်းလေးတွေ လန့် သွားမှာအထိ စိုးပူမိသူပါ
မိုးရေလည်းမခံမိသူ  သစ်ပင်လည်းမစိုက်မိသူ
လူတကာပစ်လိုက်တဲ့ မီးကို စုဗူးထဲ ထည့်ထားမိတယ်
အပေါင်းအသင်းတွေက အစ ငါ့ကို အသင်းထဲ ထည့်မပေါင်းကြတာကြာပြီ
ဆေးလိပ်ရယ် ခံစားနေရသူက ငါပါ မင်းကဘာလို့ ကြွေပြနေရတာလဲ
ပိုက်ဆံအိတ်အကောင်းစားမကိုင်နိုင်သူ လပ်တော့ အကောင်းစားမကိုင်နိုင်သူ
ဖုန်းအကောင်းစားမကိုင်နိုင်သူ ဝပ်ရှော့ပညာမကျွးမ်းကျင်သူ
ဆူရှီမလုပ်တတ်သူ ဆာရှီမီ မလုပ်တတ်သူ ဒီဇိုင်းမဆွဲတတ်သူ
ကိုယ်ပိုင်ဘေးစတော စားသောက်ဆိုင်လေးတစ်ခု အောင်မြင်အောင်မဖွင့်နိုင်သူ
အင်္ဂလိပ်စကား မပြော\ ရေးတတ်သူ ခု အဲလ်ကွန်း ခု casino ခု ဖန်နေချာ တစ်ခုကတစ်ခု မပြောင်းရဲသူ
ဘာသင်တန်း ညာသင်တန်း မဖွင့်တတ်သူ
စင်ကာပူက ကောင်မလေးတစ်ယောက်လောက်ရည်းစားထားရမှန်းမသိတဲ့သူ
တနင်္ဂနွေနေ့ တိုင်း ဘီယာ သွားသောက်စရာ ဆိုင်တစ်ဆိုင်အပိုင်မရှိတဲ့သူ
မျက်မှန်လေးတစ်လက်နဲ့  ဘိလပ်မြေ ဘယ်လောက် အုတ် ဘယ်လောက် စာရင်းအင်း မလုပ်တတ်သူ
အပေါ်ပိုင်းဗလာနဲ့ ဓါတ်ပုံရိုက်ပြီး ကျွန်တော်ဘယ်လောက် sexy ကျသလဲ မမေးရဲတဲ့သူ
ဟုတ်ကဲ့    အဲဒီလို  အဲဒီလို   အဲဒီလို   လူ
ခင်များတို့ ကို  ချစ်တဲ့သူ
ခင်များတို့ က( ......................................)
(အဲဒီကွက်လပ်ထဲမှာ ကြိုက်သလိုဖြည့်)  တဲ့ သူ
အဲဒီလူက နောက်ဆုံး ရိုးရိုးသားသား စကားတစ်ခွန်းပြောခဲ့တယ်
ပြန်တော့မယ် ။   ။
                                                                     လူခါး
No comments: