(၁)
မိန်းမ ဟုသူ့ စိတ်ထဲမှတိတ်တဆိတ်ရေရွတ်ခဲ့ရသည့်အခါတိုင်း ကျောင်းသင်ခန်းစာထဲမှ ရေသည်
မိန်းမကို သူ သတိရသည် ။
မြောက်မြို့ ရိုးကြားတွင် ဝှက်ထားသော ငွေလေးရွေးအား ကျဲကျဲတောက်ပူသည့် လေပူ၊ နေပူ၊
ဖုန်ထူထူထဲတွင် ဝမ်းသာအားရ ပြေးလွှားရယူခဲ့သည့် ရေသည်ယောက်ကျားအားလည်းသတိရသည် ။
ထိုရေသည်ပြဇာတ်ထဲတွင် ကံကောင်းထောက်မစွာဖြင့် အိမ်ရှေ့ အရာ အပ်နှင်းခြင်းခံရသော ရေ
သည်ယောက်ကျားက ချစ်လှစွာသောရေသည်မိန်းမအား စီးတော်ယာဉ်နှင့် မူးကြီးမတ်လျာတို့ ကိုစေလွှတ်၍
မည်သူက ခေါ်စေသည်ဟု မဆိုစေဘဲ အိမ်ရှေ့ အာဏာသက်သက်ဖြင့် ခေါ်ယူစေခဲ့၏ ။
“ အစပ်ကတစ်ရာ အဖာကဗရဗျစ် မှောင်ကျအောင် ညစ်ပါတဲ့ ပုဆစ်အိမ်ကို ”ဟု တင်စားခေါ်ဝေါ်ရ
လောက်အောင် ဆင်းရဲမွဲတေလှသောရေသည်မိန်းမသည် အိမ်ရှေ့ စံဟူသည့်  အသံနှင့်အတူ မင်းခမ်းမင်း
နား မူးကြီးမတ်လျာတို့ ကို မြင်သည်နှင့် စိတ်အစဉ်တွင် ကျေနပ်ပျော်ရွှင်လျှက် ရှိပေလိမ့်မည် ။
နန်းတော်သို့ ရောက်၍ မိမိအားခေါ်စေခိုင်းသူမှာ မြောက်မြို့ ရိုးကြားတွင် ဝှက်ထားသော ငွေလေး
ရွေးအားသွားယူမည်ဆိုသော ရေသည်ယောက်ကျားပင်ဖြစ်သည်ကိုမျက်ဝါးထင်ထင်တွေ့ မြင်လိုက်ရပါလျှင်မူ
အတိုင်းအဆမရှိ ကျေနပ်ပျော်ရွှင်ခြင်းကို မုချမသွေ ခံစားရပေလိမ့်မည်။
ဟုတ်ပြီ ။ ဤ နေရာအထိ သူလက်ခံသည် ။ အကယ်၍ အိမ်ရှေ့ စံသည် ရေသည်ယောက်ကျားမ
ဟုတ်ဘဲ တခြားသူ တစ်ယောက်ဖြစ်နေခဲ့ပါလျှင်ရော ။ ရေသည်မိန်းမတစ်ယောက် မည်သို့ တုန့် ပြန်မည်ကို
သူ သိလိုလှပါသည် ။ဖြစ်နိုင်ချေ အရှိဆုံးကို တွေးဆရမည် ဆိုလျှင် ထမင်းတစ်နပ်မျှပင် နပ်မှန်အောင်မစား
နိုင်သောရေသည်မိန်းမသည် အနည်းငယ် အံ့သြမှုဖြစ်ရုံမှတပါး အခြားစဉ်းစားနေလိမ့်မည်မဟုတ်ပါ ။
(၂)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  လေယာဉ်ရပ်နားသည်နှင့် သူလည်း အများနည်းတူ “ JOB ”
ဆိုသည့် ပြည်ပအလုပ်သမား များအတွက် သတ်မှတ်ထားသည့် လျှောက်လမ်းထဲမှ တက္ကစီကားတို့ ရှိရာသို့  လျှောက်
လာခဲ့သည် ။
ကြိုတင်၍ ဖုန်းဆက်ထားသော်လည်း သူ့ ကိုလာကြိုသည့်သူ တစ်ဦးတစ်ယောက်ကိုမှ မတွေ့ ဘဲ ဖြစ်
နေသည် ။ နီးရာတက္ကစီဒရိုင်ဘာအား “ အင်းစိန်ရွာမ အရှေ့ ” ဟု လိုရာခရီးကို သူပြောပြလိုက်စဉ်
မှာပင် သာယာနာပျော်ဖွယ်ကောင်းသောအသံတစ်ခုက မလှမ်းမကမ်းမှ ထွက်ပေါ်လာသည် ။
“ ကိုယ်ရေ...ဒီမှာ ထားရောက်ပြီ ”
အသံနှင့်အတူ အငှားကားတစ်စီး သူ့ အနားထိုးရပ်လာသည် ။ကားပေါ်မှ ဆင်းလာသော အမျိုးသမီး
ကို မြင်သည်နှင့် သူ၏ စိတ်မှ “ မိန်းမ” ဟု တိတ်တဆိတ် ရေရွတ်မိလိုက်၏ ။ မှန်ပါသည်။ သူ၏ မိန်းမ ထား
ဖြစ်ပါသည် ။
သူမသည် တိုင်းတစ်ပါး၌ ဒုက္ဒအမျိုးမျိုးကြားထဲမှ ပို့ ထားခဲ့သည့် သူ့ ချွေးနဲစာတို့ ဖြင့်  တင့်တယ်ချင်
တိုင်းတင့်တယ်၍ နေလေသည် ။ သုံးနှစ်ဆိုသည့် သူတို့ နှစ်ယောက်ဝေးနေခဲ့သည့်အချိန်က သူမ၏အလှ
တို့ အား ညှိုးမှိန်သွားစေခြင်းငှါ မစွမ်းနိုင်တော့ဘူးလား ဟု သူတွေးမိသည် ။ ဒါမှမဟုတ် သူ၏ အိမ်အပြန်ခရီး
အား နှစ်နှစ်လိုလိုရှိသည်ဟု မြင်သာထင်သာအောင် ပြင်ဆင်ချယ်သ လာခြင်းပေလား ဟု သူ မရုန့် မလွန်တွေးဖြစ်
လိုက်သေးသည် ။
သူက မူလ စကားစထားသော တက္ကစီပေါ်သို့ ရှေ့ ခန်းမှ တက်ထိုင်လိုက်သည် ။
“ သြော်..ကိုယ်က ကားငှါးသွားပြီလား၊ ဒါဆို ဦးလေး ပြန်လိုက်တော့နော်”
သူမက သူမစီးလာခဲ့သော ကားသမားအား ပိုက်ဆံတချို့ ထုတ်ပေးနေသေးသည် ။ထို့ နောက် ကား
နောက်ခန်းထဲသို့ သူမ ဝင်ထိုင်လိုက်သည်နှင့် ကားကလေးက လေယာဉ်ကွင်းထဲမှ အရှိန်ပြင်းသည့် မြားတစ်
စင်းပမာ ပြေးထွက်လာခဲ့တော့သည် ။
(၃)
“HIV positive”
သွေးအဖြေစာရွက်မှ HIV positive ဆိုသည့် စာတန်းအားဖတ်ရင်း သူ့ နှုတ်ခမ်းအစုံတို့ က အထက်သို့ မ
သိမသာ ကွေးတက်သွားကြ၏ ။
“ ရော့ ဖတ်ကြည့် ၊ မင်း ငါ့ကို မပေါင်းချင်တော့ရင် အခုတစ်ခါထဲ တရားရုံးသွားပြီးကွာရှင်းမယ် ”
ပထမဆုံး သူ သတိထားလိုက်မိသည်က ပြူးကျယ်သွားသော သူမ ၏ မျက်ဝန်းများ ။ထို့ နောက် တစ်
ပေါက်ချင်းလိမ့်ဆင်းလာသည့် မျက်ရည်စက်များ ။
“ ဘယ်လိုပြောလိုက်တာလဲ ကိုရယ် ၊ ထား..ထား....ကိုယ် ဘယ်ဘဝရောက်ရောက် ထားက ကိုယ့်ရဲ့ ဇနီးပါ”
“ဟင်း..ဟင်း”
သူ တစ်ချက်မချိပြုံး ပြုံး လိုက်မိသည် ။ ဒီလို အချိုးမျိုးနှင့် သူ့ ကို ပြုစားလို့ ရမတဲ့လား။ ကျစမ်း..မင်းမျက်
ရည်တွေ ကျစမ်း မိထား ။ ငါ့မိဘနှစ်ပါးရဲ့ ပေးစရာ အကြွေးတွေနဲ့ ငါ့ဘဝကို မင်းလက်ထဲ စတေးပစ်ခဲ့ရတာ
လေ ။ ခု ငါ့ကိုပိုင်ဆိုင်ရတဲ့အတွက် မင်းဘယ်လောက်နာကျင်ရမယ်ဆိုတာ ဒါပထမဆုံးသင်ခန်းစာပဲ ။
သူ့ ရင်ထဲမှ ပြောချင်သောအကြောင်းအရာတို့ ကစကားလုံးတို့ အဖြစ်နှုတ်ခမ်းဖျားသို့ ရောက်မလာကြ
တော့။ မြန်မာပြည်သို့ ပြန်လာခါနီး သူ့ သူငယ်ချင်း ဒေါက်တာဝေလင်းဦးဆီသို့  ဖုန်းဆက်ခဲ့သည့်နေ့ ရက်ကို
ပြန်သတိရမိသည် ။ထိုနေ့ က တိုက်ဆိုင်စွာပင် သူနှင့် ဝေလင်းဦးနှင့်  ပက်ပင်း တွေ့ ဖြစ်ကြသည် ။
“ ဟယ်လို ဒေါက်တာဝေလင်းပြောနေပါတယ် ခင်ဗျာ”
“ ဟာ ဟေ့ကောင်ကြီး ၊ ငါရဲမင်းသိန်းပါကွ ။ ငါတစ်ပါတ်အတွင်း ပြန်လာခဲ့မယ် ။ အဲဒါ မင်းကို ကြိုပြီးအ
ကြောင်းကြားထားတာ ”
“ ဟကောင် ငရဲ ..ဝမ်းသာတယ်ကွာ၊ လာကြိုရမလားပြော”
“နေပါစေကွာ ၊ မိထားလာကြိုလိမ့်မယ် ။ မင်းကို အကူအညီတစ်ခုတောင်းစရာရှိလို့ ”
“ ဟေ..ဘာများလဲကွ ။ မင်းဟာက ပြန်တောင်မရောက်သေးဘူး”
“ ငါ ရန်ကုန်ရောက်ရောက်ချင်း မိထားကိုခေါ်ပြီးမင်းဆီလာခဲ့မယ် ။ ငါသွေးစစ်မလို့  ။ မင်းက ငါ့သွေး
ထဲမှာ ဘာမှ မတွေ့ တွေ့  HIV positive လို့ အဖြေပေးရမယ်”
“ ဖွ..မပြောကောင်းမဆိုကောင်း ငရဲရာ ၊ မင်းဟာက ထားစိတ်ဆင်းရဲရမယ့် ကိစ္စကြီးကွ”
“ မင်း မသိပါဘူးကွာ ၊မိထားကိုပညာပြချင်လို့ ကွ။မင်းသာငါပြောတဲ့အတိုင်းလုပ်။ လေယာဉ်တက်ခါနီးမှ
တစ်ခါထပ်ဆက်မယ် ဒါပဲ”
(၄)
အတိတ်ကို အတိတ်၌သာထားခဲ့ချင်သော်လည်း အတိတ်သည် သူနှင့် အတူ အရိပ်တစ်ခုပမာ မကွဲ
မကွာ လိုက်ပါလာခဲ့သည် ။ တစ်နေ့ တွင် ဖေဖေက သူလုံးဝထင်မှတ်မထားသော စကားတစ်ခွန်းအား လေး
လေးနက်နက်ပြောလာခဲ့သည် ။
“ သား ကိုရဲ ..သားကို ဖေဖေတို့ မိသားစုရဲ့  စီးပွားရေး အနေအထားနဲ့ ဆရာဝန်တစ်ယောက်ဖြစ်လာ
အောင် ဘယ်လိုထားခဲ့သလဲဆိုတာပြောပြမယ် ”
ဖေဖေ့စကားကိုကြားစ၌ သူ့ စိတ်တွင် ထင့်ခနဲ ဖြစ်မိသည် ။ ဖေဖေ့ရဲ့ ကားဝပ်ရှော့ လုပ်ငန်းနှင့်ပင်
သူ ဆရာဝန်တစ်ယောက်ဖြစ်လာရတော့မှာ မဟုတ်ဘူးတဲ့လား ။ နောက်တစ်နှစ်ဆို သူဆရာဝန်ဖြစ်ပြီလေ။
ဖေဖေတို့ မေမေတို့ ကို သူတတ်သည့်ဆရာဝန်ပညာနှင့် တစ်လှည့်လုပ်ကျွေးပြုစုမည်ဟု သူတွေးထားခဲ့၏ ။
ယခုတော့ ဖေဖေက သူလုံးဝထင်မှတ်မထားသော စကားဖြင့်နိဒါန်းပျိုးနေလေပြီ ။
“ ဖေဖေ တို့ လုပ်ငန်းနဲ့ သားဆရာဝန်ဖြစ်ဖို့ ဆိုတာမလွယ်ဘူးသား ။ ဒါကြောင့်  အရည်အချင်းလေး
လည်းရှိ၊ ကြိုးစားချင်စိတ်လေးလည်း ရှိတဲ့သားကို ဖေဖေ့မိတ်ဆွေ ဒေါက်တာဇော်လင်းထွန်း တို့ မိသားစု က
ပဲ ဆေးတက္ကသိုလ်ဆက်တက်ဖို့ တာဝန်ယူပေးခဲ့တာ ။ နောင်နှစ်ဆို သားလည်းဆရာဝန် ဖြစ်ပြီ ။ ဒီတော့
ဒေါက်တာဇော်လင်းထွန်းက အမိမဲ့နေတဲ့ သူ့ သမီးလေး ထားကို သူ မျက်စေ့မမှိတ်ခင်မှာ သားနဲ့ နေရာ ချ
ပေးခဲ့ချင်တယ်တဲ့ ။ ဖေဖေတို့ ကတော့ ခေါင်းညိတ်ခဲ့ပြီ”
ဖေဖေ ကိုယ်တိုင်က ပြောနေသည့်စကားတို့ မှ ဟုတ်ပါလေစ ဟု သူ့ နားကိုပင် သူ မယုံချင်သလို
ဖြစ်မိသည် ။ ဖေဖေတို့ ကတော့ ခေါင်းညိတ်ခဲ့ပြီတဲ့ ။ ကျေးဇူးရှင်မိဘ နှစ်ပါးကမှ ခေါင်းညိတ်ခဲ့လျှင် သူသည်
လည်း ခေါင်းညိတ်ရုံသာ ရှိတော့သည်ပေါ့။
သို့ သော် ထို နေ့ မှ စ၍ သူ ဆေးတက္ကသိုလ် ဆက်မတက်ဖြစ်တော့ ။ သူတစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့
သည့်မိန်းမတစ်ယောက် ရှေ့ သို့ ဒူးထောက်ခစားပါမှ တိုးတက်ရမည့် သူ့ ဘဝကို သူကိုယ်တိုင် အညွှန့် ချိုး
ပစ်လိုက်၏။
သူနှင့် ထားဆိုသော အမျိုးသမီးတို့ ၏ မင်္ဂလာပွဲသည် သူ့ အတွက်တော့ အနာဂတ်တစ်ခုလုံး မီး
လောင်တိုက်သွင်းသည့်ပွဲဖြစ်ခဲ့သည်။ ထားသည် ယောက်ကျားတစ်ယောက် စွဲမက်လောက်သည့် အိနြေ္ဒ
သိက္ခာနှင့်အလှတရားတို့  ပြည့်စုံသူ တစ်ယောက်ဖြစ်ပါသည် ။ သို့ သော် သူသည် နှစ်ဖက်မိဘ တို့  ခေါင်းချ
ပြီးသည်နှင့် ထားနှင့်ဝေးရာသို့  ရွက်လွှင့်ခဲ့တော့သည် ။
(၅)
“ဖျန်း..”
သူ့ ခန္ဒာကိုယ်တစ်ခုလုံးရှိအားတို့ က လက်ဖဝါးမှ တဆင့် ထား၏ပါးပြင်ပေါ်သို့ အရှိန်ပြင်းစွာကျ
ရောက်သွားတော့သည် ။ သူမက နီရဲသွားသော ပါးပြင်အားလက်ဖြင့် ပွတ်လျက်မော့ကြည့်လာသည် ။သူမ
ပိုင်ဆိုင်သမျှ အရာအားလုံးတို့ တွင် သူ အမုန်းဆုံးသည် သူမ၏ မျက်ရည်တို့ ဖြစ်သည် ။
သူက လက်ထဲမှ ဆေးထုပ်ဖြင့် ထားအားပစ်ပေါက်လိုက်သည် ။
“ ဒါက ဘာလဲ မိရွှေထား ၊ ငါက ကလေးလိုချင်ပါတယ်ဆိုမှ မင်းက ငါ့ကို အရွဲ့ တိုက်ပြီး ဒီဆေးတွေကို
ငါမသိအောင် စားနေတယ်ပေါ့ ။ ဘာလဲ ငါ့လိုရောဂါသည်တစ်ယောက်နဲ့ ရတဲ့ကလေး မင်းက မလိုချင်ဘူး
ပေါ့ ဟုတ်လား”
“မဟုတ်..မဟုတ်ရပါဘူး..ကိုရယ် ”
“ ဘာမဟုတ်ရမှာလဲကွ ၊ မင်းရဲ့ စိတ်ကို စမ်းချင်လို့  ငါ့မှာ HIV ရှိတယ်လို့ ဝေလင်းနဲ့ တိုင်ပင်ပြီး မင်း
ကို ညာထားတာ ။ မင်းက ခုတော့..”
“ မဟုတ်ဘူး.........”
သူမထံမှ ဤမျှလောက်ကျယ်လောင်သော အသံအား တစ်ကြိမ်တစ်ခါမှ သူမကြားဖူးခဲ့ပါ။ အခုတော့
သူမက သူ့ အား သွက်သွက်ခါအောင်ပင် ပြန်၍ အော်နေတတ်လေပြီ ။
“ မဟုတ်ရင် ဘာသဘာလဲ ။ ဘာသဘောလဲ ..ကဲ..မင်းပြော ”
သူ ရှိသမျှ အားတို့ နှင့် သူမ၏ ပုခုံး နှစ်ဖက်အား ဆွဲခါပစ်လိုက်သည် ။
“ ထား...ကလေးယူလို့ မရဘူး..။ ထားမှာ HIV ရှိတယ်”
“ ဘာ..”
နားနှစ်ဖက်ကို လက်နှင့်အုပ်မိရင်း ယိုင်လဲကျလုမတတ်ဖြစ်သွားသော ခန္ဒာကိုယ်အား သူ အချိန်မီထိန်း
ထားလိုက်ရသည် ။ထို့ နောက် သူမနှင့် နီးနိုင်သမျှ နီးအောင် သူ တိုးကပ်သွားလိုက်မိသည် ။
“ ဘာပြောတယ်..၊ မင်းမှာ...မင်းမှာ HIV ရှိတယ် ။ ဟုတ်လား မိထား”
“ ဟုတ်တယ်.။ ထားမှာ HIV ရှိတယ် ။ ဒါကြောင့် ဒီဆေးတွေ ..သောက်..သောက်...”
“ ကဲကွာ..ကဲကွာ.”
“ဖျန်း....ဖျန်း”
ရှိသမျှအားတို့ ဖြင့်  ဘယ်ဘက်ပါးရော ညာဘက်ပါး ပါ သူ ရိုက်ထည့်ပစ်လိုက်သည် ။ဖြစ်နိုင်လျှင်သူ
မကို သူ သတ်ပစ်လိုက်ချင်သည် ။
“ မင်းက အဲဒါကို ငါပြန်ရောက်စက ဘာလို့ မပြောတာလဲ ။ ငါ လိမ်ထားတာကို သိလို့ ပေါ့ ဟုတ်လား”
“ မသိရပါဘူး ကိုရယ်..။ ထား....ထား....ကို့ ကိုယ် ချစ်လို့ ပါ..။ ကိုယ် နဲ့ ထား မခွဲနိုင်လို့ ပါ ”
“ ဘာ..၊ မင်းက ငါ့ကို ချစ်လို့  ။ မင်းအဖေရဲ့ ကျေးဇူးတရားတွေနဲ့ ငါ့ကို သိမ်းပိုက်ထားပြီးတော့ ဘာအ
ခု မှ ငါ့ကို ချစ်လို့ ။ ဟား...ဟား...သေလမ်းသွားမှ ငါ့ကို ချစ်လို့ ပေါ့.. ဟုတ်လား ”
သူ့ ဒေါသတို့ က ထိုမျှ နှင့်ရပ်မသွား ။ သူမ၏ လည်တိုင်အား သူ့ လက်အစုံတို့ ဖြင့်  တင်းကျပ်စွာဖြစ်
ညှစ်ပစ်လိုက်သည် ။
“ သေစမ်း..မိထား...၊ ငါ့ကို ယုတ်မာတဲ့ မိန်းမ”
“ ဟေ့ကောင် ကိုရဲ ..မလုပ်နဲ့ ..၊ မင်းမှားမယ် ။ ဟေ့ကောင်ပြောလို့ မရဘူးလား...၊ ကဲကွာ. ကဲကွာ”
အိမ်ထဲသို့ ပြေးဝင်လာသော ဒေါက်တာဝေလင်းဦး၏ အားပါလှသော လက်သီးများက သူ့ မျက်နှာ
ဆီသို့  တရစပ်ပြေးဝင်လာကြသည် ။သူ့ ကိုယ်ခန္ဒာက ပြေလျော့သွားသော ဖွဲအိတ်တစ်အိတ်ကဲ့သို့  ရိတွဲကျ
သွား၏။
“ မင်းကမှ လူယုတ်မာကွ ။ မင်းပြန်လာပြီးသွေးစစ်တော့ မင်းကသာ ညာတယ်လို့ ပြောတာ ၊ မင်းမှာ
HIV က တကယ်ရှိတယ်ကွ ”
“ဘာ..”
သူ့ ခေါင်းက ဝန်အပြည့်တင်ထားသော ကုန်တင်ကားကြီးနှင့်  အကျိတ်ခံလိုက်ရသလို ပရမ်းပတာ
ဖြစ်သွားသည် ။
“ ငါ့ကို နားလည်အောင်ပြောပါ..၊ ငါ့မှာ ..ငါ့မှာ..”
“ ဟုတ်တယ်..။ မင်းပြန်လာကတည်းက မင်းက HIV positive ။ မင်းက လိမ်ညာခိုင်းတာရော ..မင်းမှာ
တကယ်ရှိနေတာပါ ထားကို ပြောပြပြီး မင်းကို အားပေးကုသဖို့  ငါကြိုးစားခဲ့ပါသေးတယ်ကွာ ။ ဒါကို မင်းက
ခရီးရောက်ခါစ ။ မင်းကို အတင်းအဓမ္မယူထားတယ်လို့ သူ့ ကိုစွပ်စွဲထားလေတော့ ၊ ငါသူ့ ကို ဘယ်လိုမှ ပြော
ပြလို့ မရဘူးကွာ ။ သူတစ်ယောက်ထဲ ငါ့ဆီလာပြီးသွေးစစ်တော့ သူ့ မှာ လည်း ကူးစက်ခံနေရပြီ ဆိုတာကို
သိရက်နဲ့ ပျော်နေတယ်..ငရဲရာ..။ သူ ပျော်နေတယ် ။ ငါလည်း နင့်ကို ဒီလောက်တောင် ပစ်ပစ်ခါခါဖြစ်လှတဲ့
ကောင် ဘာလို့ အသက်ပါပေးပြီးချစ်ရတာလဲလို့ မေးတော့ ဘာပြောလဲသိလား ငရဲ ။ မင်းကို ချစ်လို့ တဲ့ ။ မင်း
ကို ဆယ်တန်းကျောင်းသားကတည်းက သူက ချစ်နေတာတဲ့ ။ မိန်းကလေး အိနြေ္ဒ သိက္ခာကို မငဲ့ သူ့ အဖေ
ကို အတင်းပူဆာပြီး မင်းကိုရအောင်ကြိုးစားခဲ့တာတဲ့”
သူ နားနှစ်ဖက်ကို ကယောင်ကတန်း ပိတ်ထားလိုက်မိသည် ။ ဒါဆို သူမှား သွားပြီပေါ့ ။ ထား..။ ထား ဘယ်
မှာလဲ ။ သူ ထားကို အရေးတကြီး လိုက်ရှာမိလိုက်သည်။
“ထား..၊ထား မရှိတော့ဘူး ။ သူငယ်ချင်း ထားဘယ်ရောက်သွားပြီလဲ...ထား........ထား..”
(၆)
“လေယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာကြသည့် ခရီးသည်များရှင်... မကြာမှီ အချိန်အတွင်း ရန်ကုန်အ
ပြည်ပြည်ဆိုင်ရာလေဆိပ်သို့  လေယာဉ်ဆင်းသက်တော့မည် ဖြစ်ပါသဖြင့်ထိုင်ခုံခါးပါတ်များပတ်ထားကြပါရန်
လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်..ရှင်..”
စပီကာမှ ထွက်လာသည့် လေယာဉ်မယ်ကလေး၏ ချိုမြမြအသံကြောင့် အိပ်ပျော်သွားခဲ့ရာမှ သူနိုးလာ
ခဲ့ရတော့သည် ။ ချွေးစေးတို့ ဖြင့် ရွှဲနစ်နေသော သူ့ အား ဘေးချင်းကပ်ထိုင်လျှက်ရှိသည့် သူငယ်ချင်းမှ နားမ
လည်နိုင်စွာဖြင့်
“ မင်းဘာဖြစ်နေတာလဲ..ကိုရဲ ” ဟု မေးသေးသည် ။
သူ မဖြေမိတော့ပါ ။ သူ စဉ်းစားနေမိသည်က သူ ပြန်အလာကို စောင့်ကြိုနေမည့် ချစ်ဇနီး ထားအား
သူ့ အပေါ် ယုံကြည်စိတ်ချနိုင်စေရန် သူ့  သူငယ်ချင်း ဒေါက်တာ ဝေလင်းဦး၏ ဓါတ်ခွဲစမ်းသပ်ခန်းသို့  ခေါ်
၍ ရဲရဲကြီး သွေးစစ်ပြရန်သာ ဖြစ်ပါသည် ။
လူခါး
Sunday, 17 March 2013
အိမ်ပြန်ချိန်ဝတ္ထု
Labels:
ဝတ္ထုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment