Sunday 17 March 2013

ညနေခင်းအကြောင်း

အဲဒီညနေမှာ
ကျွန်တော့် အိမ်ရှေ့ကလမ်းအတိုင်း
ကျောက်ကားကြီးတွေ မောင်းသွားကြတယ်။

အဲဒီညနေမှာပဲ
ကျွန်တော့်အိမ်ရှေ့ က လမ်းအတိုင်း
သစ်ကားကြီးတွေ မောင်းသွားကြတယ်။

ကျွန်တော်ကတော့
သစ်ခုတ်ခွင့် မရှိ ဆိုတဲ့  နယ်မြေမှာ
ဝါးနဲ့ ဆောက်ထားတဲ့ အိမ်အနဲ့ ကလေးပေါ်ကနေ
အိမ်ရှေ့ လမ်းပေါ်က ချိုင့်ခွက်တွေကိုပဲ
ငေးနေမိတာပေါ့ ။ ။

                                         လူခါး

1 comment:

ငြိမ်းစိုးဦး said...

လမ်းတွေ ညီစေချင်တဲ့ အတွေး ...