Thursday 26 May 2016
ညီမူရာသည် အခွင့်အရေးသမားများအတွက်လုံးဝမဟုတ်
    သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းဆိုရင် စာဖတ်သူအများစု
သိကြပါတယ်။ သိအောင်လည်း ဆရာက သူ့ နယ်ပယ်မှာ ထင်ထင်
ရှားရှား လုပ်ပြခဲ့တာကိုး။ လူတိုင်းပါးစပ်ဖျားမှာရေပန်းစားနေတ့ဲ့ စကားတခွန်လောက် ပြောပြပေးရမယ်ဆိုရင် ဆရာရဲ့ သမိုင်းသင်တာ  မအအောင်လို့  ဆို တဲ့ စကားလေးကို အရင်ပြောပြချင်မိတယ်။
    ကျွန်တော်တို့ ခင်ဗျားတို့ ကျောင်းမှာသမိုင်းဘာသာရပ် သင်ရ
တယ်။ ဘာအတွက်မှန်းမသိခဲ့ကြဘူး။ ဘုရင့်နောင်သည် ဘာဖြစ်
တယ်။ အနော်ရထာသည် ဘာဖြစ်တယ် စသဖြင့် ကုန်းအော်ကျက်
ခဲ့ရတယ်။ ဒါကို အရွယ်ရောက်လာတဲ့ အခါမှ ဒေါက်တာသန်းထွန်း
ရဲ့ စကားတခွန်းတည်းနဲ့ ကျေနပ်သွားတယ်။ သဘောကျတယ်။
လက်ခံတယ်။ ဒါဟာ ဒေါက်တာ သန်းထွန်းရဲ့ ထင်ရှားတဲ့ စကားပဲ။
     ဆရာ လုပ်သွားတဲ့ အလုပ်တွေ အများကြီး။ ကျွန်တော် လေးစားအားကျတဲ့ ဆရာတွေထဲမှာ သူလည်းပါတယ်။ခဏထားပါ။
     ပြောချင်တာက သူ့ အကြောင်းအဓိက မဟုတ်ဘူး။ ပြောချင်တာက
ဒီကနေ့ ညီမူရာ ပရဟိအသင်းဝင်တွေကို အနည်းငယ်အသိဉာဏ်ပွင့်
လင်းသွားစေချင်တဲ့ စေတနာလေးနဲ့ ဖတ်ဖူး မှတ်သားဖူးတဲ့  ဗဟုသု
တလေးနည်းနည်းပေါင်းစပ်ပြီး ခေါင်းဆောင်မှု အပိုင်းကို ပြော
ချင်တာ။
     ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရန်ကုန်နာရေးကူညီမှုအသင်းက ဆရာမ
ဒေါ်သန်းမြင့်အောင်နဲ့ ဗိုလ်အောင်ကျော်နယ်မြေ မဲဇလီကုန်းဒေသ
က ပရဟိတသမားတွေ တွေ့ ဆုံပွဲ လုပ်တယ်။ အဲဒီမှာ ဆရာမက ဘာ
ပြောသလဲဆို ပရဟိတ သမားနဲ့ နိုင်ငံရေသမားနဲ့ အတူတူပဲတဲ့။ ခြေ
လှမ်းတလှမ်း ဝင်ပြီးရင်ပြန်ဆုတ်လို့ မရတော့ဘူးတဲ့ ။ ဒါပေမယ့်
မတူတဲ့ အချက်လည်းရှိပါတယ်တဲ့ ။ ဒါက ဘာလဲဆိုတော့ ပရဟိတ
သမားက လုပ်ပေးပြီးရင် မေ့ပစ်တယ် တဲ့ ။ပြီး နောက်တခု လုပ်ဖို့ 
ကြိုးစားတယ်တဲ့ ။နိုင်ငံရေးသမားကတော့ လုပ်ပေးပြီးရင် မေ့မပစ်
ဘူး ။ ဒါကို ငါလုပ်ပေးခဲ့တာဆိုပြီး မဲစွယ်တတ်တယ်တဲ့ ။ ဒီစကားက
လည်း မှတ်သားထားရမယ့်စကားပါပဲ ။
        ဘယ်ဟာကို အဓိက မှတ်သင့်သလဲဆိုရင် ပရဟိတ သမားဆို
တာ သူတပါးကို ကူညီပေးပြီးရင် မေ့ပစ်ရမယ် ဆိုတဲ့ စကားကို အ
သည်းမှာ စွဲနေအောင်မှတ်ထားသင့်တယ်။ ဒါမှသာလျှင် ငါ ဆိုတဲ့ 
အတ္တကို ခွာနိုင်မယ်လို့ ထင်တယ်။ငါလုပ်ပေးထားတာပါလားဆိုတဲ့
စိတ်ထက် ငါဘာလုပ်ပေးဖို့ လိုအပ်နေသေးပါလိမ့် လို့ တွေးနေသင့်
တယ်။
     ပြီးတော့ facebook မှာ တကိုယ်တော်ပရဟိသမားများကွန်ရက်
ကခင်နှင်းကြည်သာ ကိုမေးတဲ့ပရဟိတ လုပ်ဖို့ပိုက်ဆံ စုနေပါတယ်။ ဘယ်လောက် လိုအပ်သလဲဆိုတဲ့လူတယောက်မေးခွန်းကို ဖြေထား
တဲ့ အ ဖြေကို ပြောပြပေးချင်တယ်။ ခင်နှင်းကြည်သာက ပရဟိတ လုပ်တာ ပိုက်ဆံမလိုပါဘူး။ လမ်းစ ရိတ်နဲ့  စားစရိတ်ပါရင် ရပါပြီ
တဲ့ ။
     တွေးယူမယ်ဆိုရင်အဖြေက အကျယ်ကြီးပေါ့။ ဒါက တစ်ကိုယ်
တော် ပရဟိတလုပ်တဲ့ ခင်နှင်းကြည်သာ ရဲ့ ခံယူချက်ပေါ့။ ဒါကို
လည်း မှတ်ထားပြီး ကိုယ်တိုင်အဖြေ ထုတ်ကြည့်ပါ။
   နောက်ထပ်တယောက်ကတော့ မန္တလေး စာကြည့်တိုက်ဇော်ဇော် ပါ။
သူက စာအုပ်အခမဲ့ ငှားတဲ့ စနစ်ကို အိမ်တိုင်ရာရောက် လုပ်ဆောင်
ပေးတဲ့ ပရဟိတ ကို လုပ်သူပါ။ နိုင်ငံတကာအထိ အသိအမှတ်ပြုခြင်း
ခံရပြီး မြန်မာမှာလည်း facebook သုံးသွဲသူ တိုင်းသိတဲ့  ပရဟိတ
သမားလူငယ်တယောက်ပါပဲ ။
     သူက ဆိုတယ်။ သူငှားလိုက်တဲ့ စာအုပ်ပျောက်လို့ နှမြောနေတာ
မျိုးမဖြစ်တဲ့ အပြင်  ဝမ်းတောင်သာမိပါသတဲ့ ။ အော် သူဒီစာအုပ်
ကိုတော်တော်ကြိုက်လို့ သာ အပိုင်ယူထားတာပါလား ဆိုပြီး ပျော်နေမိပါသတဲ့ ။ သာဓုခေါ်ရမယ့် စိတ်သဘောထား ပိုင်ရှင်ပါ။
    အခု အထက်မှာ ပြောပြခဲ့တဲ့ ခင်နှင်းကြည်သာတို့ မန္တလေး စာ
ကြည့်တိုက် ဇော်ဇော်တို့ ဆိုတာ ပရဟိတကို တကိုယ်တော် (အလှူငွေ
တော့ဘေးက လှူလည်း လက်ခံပါတယ်) လုပ်ဆောင်သူတွေဖြစ်
တယ်။ သူတို့ မူနဲ့ သူတို့ သွားတယ်။ အလှူရှင်တွေက လှုဒါန်းကြ
တယ်။ အောင်မြင်တယ်။ ဒါသူတို့ ရဲ့ လုပ်ရပ်က ထင်သာမြင်သာရှိလို့ 
ဖြောင့်မတ်မှန်ကန်လို့ သာဖြစ်တယ်။
     အခု ကျွန်တော်တို့ ညီမူရာ ပရဟိတနှင့် လူမှုကူညီရေးအသင်း(
အိုင်တို) က တကိုယ်တော်မဟုတ်ဘူး။ အသင်းအဖွဲ့ ဖြစ်တယ်။ အ
သင်းအဖွဲ့ ဖြစ်တာနဲ့ အတူ အသင်းအဖွဲ့ စိတ်ထားနဲ့ သွားမှ သာလျှင်
ရေရှည်မှာ တည်တံ့မယ်။ ဒါဟာ ကျွန်တော့် သဘောထားပါပဲ။
     အသင်းမှာ ဦးဆောင်သူနေရာမှာ ရွေးချယ်ခံအသင်းဝင်အချို့ 
ရှိမယ်။ ဒါပေမယ့် အဲဒီ အသင်းဝင် ဦးဆောင်သူဟာ သူ့ သဘောနဲ့ 
သူ ဘာမှ လုပ်လို့ မရဘူး။ သူတယောက်တည်း ဆုံးဖြတ်လို့ မရဘူး။
သူအကြံဉာဏ်က ကောင်းနေရင် သူ့ အကြံအတိုင်း သွားသင့်တယ်။
ဒါပေမယ့်  အခြားအသင်းဝင် တယောက်ယောက်ရဲ့ အကြံဉာဏ်
ကကောင်းနေတယ် ဆိုရင်တော့ ဦးဆောင်သူလည်း နောက်လိုက်ပြန်
လုပ်ပေးသင့်ရင် လုပ်ပေးရလိမ့်မယ်။ ဒါ ကျွန်တော့်ခံယူချက်ပဲ။
           အသင်းအဖွဲ့ တခုမှာ ခေါင်းဆောင်အရေးကြီးပါတယ်။ အဲသ
လိုပဲ နောက်လိုက်လည်းအရေးကြီးတယ်။ ဘယ်လောက်တော်တဲ့ 
ခေါင်းဆောင်ဖြစ်ဖြစ် နောက်လိုက်မရှိရင် မအောင်မြင်နိုင်ဘူး။
တကယ်တော်တယ်ဆိုရင် နောက်လိုက်မရှိတဲ့ ခေါင်းဆောင်
ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။
      လက်ရှိ အာဏာရပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ကို ပဲ နမူနာကြည့်ပါ။ သူမဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ
ခေါင်းဆောင်။ တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ခေါင်းဆောင်။
သို့ သော် သူ့  အဖွဲ့ ထဲက လူတွေကို သူ့ ထက်မြင့်မားအောင်စွမ်း
ဆောင်ပေးဖို့ နေရာပေးဖို့ ဝန်မလေးဘူး။ ဒါဟာ ခေါင်းဆောင်
ကောင်းတယောက်ရဲ့  လေးစားစရာကောင်းတဲ့ အချက်တွေပဲ လို့  မြင်
တယ်။
   ခေါင်းဆောင်နဲ့ ပတ်သက်လို့  အဆိုအမိန့် တခု ပြောပြချင်တယ်။
ထကြွ
နိုးကြား
သနား
သည်းခံ
ဝေဖန်
ထောက်ရှု  ဤ ၆ခု ကြီးသူကျင့်ရာ တရားတည်းတဲ့။
ဒါကို နာယကဂုဏ် ၆ပါး လို့ ခေါ်တယ်။ အသင်းတခု အဖွဲ့ အစည်း
တခုကိုခေါင်းဆောင်ချင်သူ ခေါင်းဆောင်သူ တယောက်မှာ ရှိကို ရှိ
ရမယ့် လက်ကိုင်ထားရမယ့် တရားပဲ။
ထကြွ
လက်အောက်ငယ်သားထက် လုံ့ လ ဝီရိယထထကြွကြွ ရှိရမယ် လို့ 
ဆိုလိုတယ်။
နိုးကြား
ဘယ်အရာမဆို လက်အောက်ငယ်သားထက် သိနေ မြင်နေ တွေးခေါ်
စဉ်းစား ဖျတ်လတ်နေရမယ်လို့ ဆိုလိုတယ်။
သနား
လက်အောက်ငယ်သားအပေါ်မှာ ကိုယ်ချင်းစာစိတ် အပြည့်ထားနိုင်ရ
မယ်။ ငါဟာ ခေါင်းဆောင်ပဲ ငါ့သဘော မလုပ်သင့်ဘူး။ လက်အောက်
ငယ်သားရဲ့ ခံစားချက် ကို နားလည်ပေးနိုင် ပြီး ကြင်နာတတ်သူ ဖြစ်
ရမယ်လို့ ဆိုလိုတယ်။
သည်းခံ
လက်အောက်ငယ်သားရဲ့ အမှားအပေါ် ဒါမှ မဟုတ် အတွေးအခေါ်အ
ဟူအဆ တိမ်းပါးမှုအပေါ် သည်းခံခွင့်လွှတ်တတ်သူဖြစ်ရမယ်လို့ 
ဆို လိုတယ်။
ဝေဖန်
အမြဲတမ်း ကိုယ့်ကိုယ်ကို ကိုယ့်လုပ်ရပ်ကို ကိုယ့်အသင်းအဖွဲ့ လုပ်ရပ်
ကိုဝေဖန်စမ်းစစ်ပြီး အမှားအမှန်ပိုင်းခြားနိုင်ရမယ်လို့ ဆိုလိုတယ်။
ထောက်ရှု
အလုပ်တခုကို လုပ်တဲ့အခါ သို့မဟုတ် လုပ်ချင်တဲ့အခါ ကိုယ်တ
ယောက်တည်းသဘောထာနဲ့ မဟုတ်ဘဲ သင့်မသင့် တော်မတော်
အဖက်ဖက်က ချင့်ချိန်စဉ်းစား နိုင်စွမ်းရှိသူ ဖြစ်ရမယ်လို့ ဆို လို
တယ်။
ဒါဟာ ရှေးပညာရှိပုဂ္ဂိုလ်တွေထားသွားတဲ့ ခေါင်းဆောင်ကောင်းတ
ယောက်မှာ ရှိရမယ့်  ကောင်းမွန်တဲ့ အချက်တွေပဲ။ ခေါင်းဆောင်တ
ယောက်ဟာ ဒီအချက်တွေနဲ့ ပြည့်စုံကောင်းမွန်နေသင့်တယ်။ ဒီအ
ခေါင်းဆောင်ကောင်းတယောက်ဖြစ်ချင်သူ ဟာ ဒီအချက်တွေကို
ရှိအောင် ကြိုးစားမွေးမြူသင့်တယ်။
    အဖွဲ့ အစည်းတွေအနေနဲ့ လည်း မိမိတို့  ကို လမ်းညွှန် သင်ပြသူ
တယောက်မှာ ဒီလိုအချက်တွေရှိမရှိ သတိချပ်သင့်တယ်။ ဒီလိုအချက်
တွေမရှိတဲ့ သာမာန်လူတယောက်ကို ခေါင်းဆောင်ခန့် မိရင် အဖွဲ့ အ
စည်းမှာ နစ်နာလာမှာပဲ။ အဖွဲ့ အစည်း ယိမ်းယိုင်လာမှာပဲ။
   ဒီလို ခေါင်းဆောင်သူ တယောက်မှာရှိသင့်တဲ့ အချက်တွေရှိသလို
ခေါင်းဆောင်သူတယောက်မှာ မရှိသင့်တဲ့ အချက်တွေလည်းရှိတယ်။
ဘယ်ပညာရှိမဆို အစွန်းနှစ်ဖက် ကို ပြထားလေ့ရှိတယ်။ တဖက်
သတ်အမြင်နဲ့ မကန့် သတ်ခဲ့ကြဘူး ။
          ဒါကိုတော့  အ နာယကဂုဏ်  ၆ပါးလို့ ခေါ်တယ်။
ခေါင်းဆောင်တယောက်မှာ မရှိသင့်တဲ့ အချက်တွေပေါ့။
ဂဏန်း
ပုတ်သင်
ကိုင်းပင်
လိပ်မျိုး
နွားသိုး
ခွေးအ  ဤ ၆ ဝ နာယက မတင်ထိုက်တဲ့ ။
ဂဏန်း
ငါလုပ်တာ သာလျှင် အမှန်။ အမြဲတမ်း ငါ သာလျှင် အမှားမရှိ ဟု
ထင်မြင်နေတတ်ပြီး ဂဏန်းတကောင်ကဲ့သို့  အမြဲ လက်မထောင်
လေ့ရှိသူ။
ပုတ်သင်
ကိုယ်ပိုင်အတွေးအခေါ်မရှိ သူုတပါးဘာပြောပြော ပုတ်သင်ညို
တကောင်ကဲ့ သို့ ခေါင်းလွယ်လွယ် ညိတ်တတ်သူ
ကိုင်းပင်
ဘယ်သူက ဘာပြောပြော ပြောသည့်ဘက်သို့ လေယူရာယိမ်းတတ်
သည့် ကိုင်းပင်တပင်ကဲ့သို့ အမြဲလိုက်၍ ယိမ်းတတ်လေ့ရှိသူ
လိပ်မျိုး
ဘယ်သူက ဘာပြောပြော အမြဲမိမိဘက်သို့ သာ လိပ်တကောင်
သွားသကဲ့သို့ ယက်၍ နေထိုင်ကျင့်ကြံတတ်သူ
နွားသိုး
မှားသည် မှန်သည် မစဉ်းစား ဘဲ အကြောင်းအရာ ကိစ္စတခုကို
ကမူးရှုးထိုး မိုက်ရူးရဲဆန်စွာ ဆုံးဖြတ်၍ နွားသိုးတစ်ကောင်ကဲ့သို့ 
ထင်ရာမြင်ရာ ရန်လို မင်းမူတတ်သူ
ခွေးအ
အခြားသူများမည်မျှ အခက်အခဲတွေ့  ဒုက္ခနှင့်ရင်ဆိုင်နေရပါစေ
ခွေးအတကောင်ကဲ့သို့ စားပိုးနင့်အောင်စားပြီး စည်းစိမ်ယစ်နေတတ်သူ
ဒါတွေကတော့ ခေါင်းဆောင်မဖြစ်ထိုက်သူ ဒါမှမဟုတ် ခေါင်း
ဆောင်တယောက်မှာ မရှိသင့်တဲ့ အချက်တွေပါပဲ။
ညီမူရာ ပရဟိနှင့် လူမှုကူညီရေးအသင်း(  အိုင်တို )ဟာ အစု
အဖွဲ့ နှင့်လုပ်ဆောင်နေတဲ့ ပရဟိတ ဖြစ်တယ်။ ဒါကြောင့်အသင်း
ကို ထိမ်းကျောင်းပေးမယ့် ဦးဆောင်သူဟာအမြဲလိုအပ်နေမယ်။ ဒီလို
လိုအပ်လို့ ရွေးချယ်တဲ့ အခါ ဒီအချက်တွေနဲ့ ရွေးချယ်ရမယ်။
နောက်တက်လာမယ့် လူငယ်တွေဟာ လည်း ဒီအချက်တွေနဲ့ ပြည့်စုံ
အောင်နေထိုင်ရင်း တနေ့ ကိုယ်ခေါင်းဆောင်ခေါင်းရွက် လုပ်လာရ
တဲ့အခါ ဒီအချက်တွေနဲ့ ပြည့်စုံအောင် ကြိုးစားပြင်ဆင်ထားသင့်
တယ်။
     ဘယ်အဖွဲ့ ဘယ်ပါတီ ပဲဖြစ်ဖြစ် ခေါင်းဆောင်ဆိုတာအသစ်ထက်
အသစ် တယောက်ပြီးတယောက် ပြောင်းလဲတာဝန်ထမ်းဆောင်
သွားရလေ့ရှိတယ်။ ကိုယ့်အလှည့်ကျလာတဲ့ အခါမှာ ကိုယ်ဟာ ခေါင်း
ဆောင်ကောင်းတယောက်  ဖြစ်အောင်ကြိုးစားသင့်တယ်။
   ဒါမှ အသင်းအဖွဲ့ သည်လည်း ရေရှည်တည်တံ့မယ်။ ခိုင်မြဲမယ်။
တကယ့်အထောက်အပံ့ကောင်းပေးနိုင်တဲ့အသင်းအဖွဲ့ ကောင်းဖြစ်
မယ်။ ဒါမှသာ လူရိုသေ ယုံကြည်မယ်။
         ခေါင်းဆောင်တင်မှ မဟုတ်အသင်းဝင်တိုင်းဟာ အနစ်နာ
ခံလိုမှု ပေးဆပ်လိုမှု နဲ့ သာ ကျေနပ်သင့်တယ်။ အသင်းသားတိုင်း
ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ကျိုးစွန့် တဲ့ ပရဟိတ စိတ်ကို မမှီ
ရင်တောင်မှ ကိုယ်ကျိုးမကြည့်တဲ့ အသင်းဝင်တွေ ဖြစ်သင့်တယ်။
အင်္ဂပူမြို့ နယ် လူထုတွေ့ ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကNLD
ပါတီဟာ ပါတီဝင်တွေကောင်းစားဖို့ မဟုတ်ဘူး။ ပြည်သူတွေ
ကောင်းစားဖို့ ဖြစ်တယ်လို့ အတိအလင်းဆိုသွားတယ်။
     ကျွန်တော်လည်း အဲဒီစကားလေးကိုးကားပြီးပြောချင်တယ်။ ညီမူ
ရာ ပရဟိတဟာ အသင်းဝင်တွေ ကောင်းစားဖို့ မဟုတ်ဘူး။ အိုင်တို
သူ အိုင်တိုသားတွေ ကောင်းစား ဖို့ သာဖြစ်တယ်။ ဒါကို အသင်းဝင်
တိုင်း သိစေချင်ပါတယ်။ ညီမူရာမှာ ပေးဆပ်မှုသာရမယ်။ညီမူရာမှာ
အခွင့်အရေးမရနိုင်ပါဘူး။
     မကြာခင် ညီမူရာပရဟိတက ကျင်းပမယ့် ပထမအကြိမ် စာပေ
ဟောပြောပွဲ ကို ကျင်းပတော့မယ်။ အသင်းဝင်များဟာ အသင်းအ
တွက် ပေးဆပ်ဖို့ သာတွေးတောရင်းပြင်ဆင်နေသင့်တယ်။ ဘယ်
တာဝန်ကို ငါထမ်းနိုင်မလဲ ဆိုတဲ့ တာဝန်ယူစိတ်နဲ့ အသင်းက လိုအပ်
မယ့်ကွက်လပ်ကို ဖြည့်ပေးဖို့ ပြင်ဆင်စောင့်စားနေသင့်တယ်။
     ကျွန်တော်လည်း အသင်းဝင်တယောက်အနေနဲ့ ကျရာတာဝန်ကို
ဦးလည်မတုန် ထမ်းရွက်ဖို့ အသင့်ပါပဲ။ ကျွန်တော် ညီမူရာက ဘာမှ
မမျှော်လင့်ဘူး။ ညီမူရာကို ဘာပေးနိုင်မလဲဆိုတာကိုသာ ကျွန်တော်
တွေးတယ်။ ကျွန်တော်တို့ ခင်ဗျားတို့ တွေးရမယ်။
     လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဗမာနိုင်ငံလုံး
ဆိုင်ရာအစည်းအရုံးပြန်လည်ဖွင့်လှစ်ပွဲမှာ
လူငယ်တွေအတွက် ကျွန်တော်ပြောချင်တာက လူငယ်တွေဟာ
မြို့ မှာချည်းမနေဘဲ တောကိုလည်းသွားပြီး အလုပ်လုပ်ကြပါ။မြို့ 
မှာ အလုပ်လုပ်ရင် ထင်ပေါ်တယ်။ လူသိတယ်။ဒါပေမယ့် တကယ်
ထိရောက်မှာက တောကိုသွားမှ ထိရောက်မယ်။ စစ်ပြီးဗမာပြည်မှာ
ထူထောင်ရေးလုပ်ငန်းတွေ အများကြီးရှိတယ်။ ပညာရေးဘက်  ကျန်းမာရေးဘက် အများကြီးရှိတယ်။တကယ်လုပ်ရင် မြို့ မှာမနေ
ပါနဲ့ ။ တောကိုသွားကြပါ။နာမည်ဖြစ်ရုံ စတန့်ဖြစ်ရုံလုပ်ချင်ရင် ခင်
ဗျားတို့ အခုရှိတဲ့ အခြေအနေအတိုင်း လုပ်ကြ။ ဗမာပြည်တော့ကြီး
ပွားမှာ မဟုတ်ဘူး***
လို့ ပြောခဲ့တယ်။
အခု ကျွန်တော်တို့ ညီမူရာဟာလည်း တောဖြစ်တဲ့ ကိုယ့်ရပ်ကိုယ့်ဒေ
သက စပြီး အနယ်နယ်အရပ်ရပ်အထိ ပရဟိတ လုပ်ငန်းတွေ လုပ်
ဆောင်ဖို့ အထိ ရည်ရွယ်ထားခဲ့တယ်။  အားလုံး စိတ်အားတက်ကြွ
ညီညာ မယ်လို့ လည်းမျှော်လင့်တယ်။
       အများအကျိုးလုပ်တယ်ဆိုပေမယ့် ထင်မှတ်မထားတဲ့ပြဿနာ
အချို့ လည်းရှိလာတတ်ပါတယ်။ သို့ သော် စုပေါင်းကျော်လွှားမယ်
ဆိုရင်အောင်မြင်နိုင်ပါတယ်။
      ဒီနေရာမှာ အလျဉ်းသင့်လို့ ရွှေဟင်္သာဆရာတော်ဘုရားကြီး
ရဲ့ အဆိုအမိန့် လေးတခု ပြောပြချင်တယ်။
                   အများအကျိုး
                   ရွက်သယ်ပိုးက
                   ခနိုးခနဲ့ 
                   ဆိုကဲ့ရဲ့ လည်း
                   မဖဲ့မစောင်း
                   ကိုယ့်လမ်းကြောင်းကို
                    စိတ်ကောင်းနှင့်ယှဉ်
              သိပ်အဖိုးတန်တဲ့ အဆိုအမိန့် တခုပါ။
     မကြာခင်ကျင်းပမယ့် ညီမူရာရဲ့ ပထမအကြိမ်စာပေဟောပြော
ပွဲအတွက်လည်း ကျွန်တော်တို့ ကြိုးစားခဲ့ကြတယ်။ အမြင်တူတာ
တွေ မတူတာတွေ ညှိနှိုင်းပြီး လုပ်ဆောင်ခဲ့ကြတယ်။  ကျွန်တော့်ကို
သာ ညီမူရာ စာပေဟောပြောပွဲ အဖွင့်မှာ အသင်းဝင်တယောက်အနေ
နဲ့ တခုခုပြောဖို့ စင်ပေါ်တင်ပေးခဲ့ရင်
ကျွန်တော်လေးစားရတဲ့ သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းစကား
လေးကိုပဲ  ယူပြီးပြောချင်တယ်။ စကားလေးက နှစ်လုံးတည်း။
တိုတိုလေး။ တိုတဲ့စကားတွေဟာ အချို့ သောရှည်လျားတဲ့စကားတွေ
ထက် အဖိုးတန်တာ ဆရာ့ စကားကသက်သေပါပဲ။
ဆရာ့ကို အခမ်းအနားတခုမှာ တခုခုပြောပါဆရာလို့ ပြောခိုင်းတော့
ပြောလိုက်တဲ့ စကားလေးပါ။ ယနေ့ အထိ ပြောစမှတ်ရှိတဲ့ စကား
လည်းဖြစ်တယ်။ဆရာပြောလိုက်တာက
                      စတော့      
                                   တဲ့ ။
                              အားလုံးကိုလေးစားလျက်
                                                လူခါး
                                   ၂၀.၀၃.၂၀၁၆.sun,
                                   from . j p
No comments: