Tuesday 25 April 2017

အဖေ


ဘယ်တုန်းကမှ အတူမနေခဲ့ရဘူး
ဒါပေမဲ့ အမြဲနီးတယ်
တစ်ခါပဲ အရိုက်ခံခဲ့ဖူးတယ်
တစ်သက်လုံး ဝမ်းနည်းခဲ့
သူငယ်ချင်းလိုပေါင်းတယ်
ဘောလုံးအသင်းသားလို ဖေးမတယ်
မထင်ရင် မထင်သလို ဆိုးသွမ်းခဲ့သမျှ
ခေါင်းငိုက်စိုက်ချပြီး ခွင့်လွှတ်ပေးသူပေါ့
အဖေ.....
ရပ်မသွားတဲ့ နှလုံးခုန်သံ
နေ့ စဉ် ရှိခိုးနေမိတဲ့ ဘုရား ။
လူခါး
၁၂.၀၃.၂၀၁၇
Ora Machi, J P

No comments: