ဂုဏ်သိက္ခာတွေကို အရောင်တင်ဖို့ 
မုဆိုးတစ်ယောက်လို ခရီးစ,ခဲ့တယ်...။
ရိုးတံရှည် ကြိုးတစ်ချောင်းရဲ့ ထိပ်ဖျားမှာ
လောဘ၊ဒေါသ၊မောဟ
မာန်မာနတွေ ကိုယ်စီတပ်လို့ ...။
ဘယ်ငါးမှ မဟပ်, ဟပ်
ငွေ ဆိုတဲ့ငါးတော့ ဟပ်မှဖြစ်မယ်
တောအထပ်ထပ် တောင်အသွယ်သွယ်
ပင်လယ်ပဲ ဖြတ်ရဖြတ်ရ
ငါးစာတွေ အမျိုးမျိုးပြောင်းတပ်ရင်း
ဖဝါးချင်းလည်း ထပ်နေပြီ...။
အိမ် ဆိုတာ....
အိပ်မက်ထဲ ဝင်လာလိုက် ပျောက်သွားလိုက်..
သံယောဇဉ် ဆိုတာလည်း
အသည်းအိမ်ထဲ စူးနစ်လိုက် လေလွင့်လိုက်
၇ွက်လွင့်ရာ ခရီးတစ်လျှောက်
လှိုင်းလုံးဖြစ်လိုက် လှေငယ်ဖြစ်လိုက်...။
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေထဲမှာ
ကိုယ်တိုင်က မုဆိုးဖြစ်ခဲ့ကြလိမ့်မယ်
ခုတော့.....
မုဆိုးတွေအားလုံး ကံဆိုးမိုးမှောင်စွာနဲ့ 
ပိုက်ကွန်ထဲမှာ.....တိုး....လို့ ......။...။
လူခါး
မုဆိုးတစ်ယောက်လို ခရီးစ,ခဲ့တယ်...။
ရိုးတံရှည် ကြိုးတစ်ချောင်းရဲ့ ထိပ်ဖျားမှာ
လောဘ၊ဒေါသ၊မောဟ
မာန်မာနတွေ ကိုယ်စီတပ်လို့ ...။
ဘယ်ငါးမှ မဟပ်, ဟပ်
ငွေ ဆိုတဲ့ငါးတော့ ဟပ်မှဖြစ်မယ်
တောအထပ်ထပ် တောင်အသွယ်သွယ်
ပင်လယ်ပဲ ဖြတ်ရဖြတ်ရ
ငါးစာတွေ အမျိုးမျိုးပြောင်းတပ်ရင်း
ဖဝါးချင်းလည်း ထပ်နေပြီ...။
အိမ် ဆိုတာ....
အိပ်မက်ထဲ ဝင်လာလိုက် ပျောက်သွားလိုက်..
သံယောဇဉ် ဆိုတာလည်း
အသည်းအိမ်ထဲ စူးနစ်လိုက် လေလွင့်လိုက်
၇ွက်လွင့်ရာ ခရီးတစ်လျှောက်
လှိုင်းလုံးဖြစ်လိုက် လှေငယ်ဖြစ်လိုက်...။
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေထဲမှာ
ကိုယ်တိုင်က မုဆိုးဖြစ်ခဲ့ကြလိမ့်မယ်
ခုတော့.....
မုဆိုးတွေအားလုံး ကံဆိုးမိုးမှောင်စွာနဲ့ 
ပိုက်ကွန်ထဲမှာ.....တိုး....လို့ ......။...။
လူခါး
No comments:
Post a Comment