Tuesday 21 August 2012

ကိုယ်ရေးအကျဉ်း

လူခါး
******

အမည်ရင်း သိန်းဇော်ညွန့် 
အဖ ဦးစိုးဆင့် အမိ ဒေါ်မြအုံး တို့ မှ ကွေးတိုင်း၊ မြို့ သစ်မြို့ နယ်၊
အိုင်တို ကျေးရွာတွင် မွေးဖွားခဲ့။  
၂၀၀၉ ခုနှစ်လမ်းသစ်ဂျာနယ်(မလေးရှား) တွင်ဖော်ပြခံရသော 
ဂျိုဟိုးဆောင် (ကဗျာ)သည် ပထမဆုံးပုံနှိပ်စာမူဖြစ်။
၂၀၁၁ ၊ စက်တင်ဘာလထုတ် မဟေသီမဂ္ဂဇင်းပါ လူသွားလမ်း ဝတ္ထုတို ဖြင့် ပြည်တွင်း စာပေလောကသို့  စတင်ဝင်ရောက်  ။ 
ရယ်စရာမဂ္ဂဇင်း ၊ ပြုံးစရာ မဂ္ဂဇင်း ၊ဖူးငုံ( teen) မဂ္ဂဇင်း၊ကလျာ
မဂ္ဂဇင်း ။ စတိုင်လ်သစ်၊ ရွှေအမြုတေ၊ ရုပ်ရှင်တေးကဗျာ၊  ပေဖူးလွှာ၊
မဟေသီ၊ အပြင်စီး၊ စာပွှင့်လွှာ၊TREASURE  LAND ..... တို့ တွင် 
ကဗျာများနှင့် ဝတ္ထုတိုများ ရေးသားခဲ့။
လင်းလက်တာရာ ၊ ရာဇာမျိုး(အင်းကုန်း)
တို့ နှင့် တွဲဖက်၍ “ပင်လယ်နဲ့ ပတ်သက်နေတဲ့ ရွက်တွေ ”
ကဗျာ စုစည်းမှု အား ၂၀၁၂  သြဂုတ် ၊၁၅ ရက်နေ့ တွင်
ဟီးရိုးစာပေတိုက်မှ ဆရာမြေလတ်မောင်မြင့်သူ ၏ အမှာစာ နှင့်
ထွက်ရှိထား ။၊  အက္ခရာလမ်း အမည် နှင့် လူငယ်ကဗျာဆရာ
ရှစ်ယောက် စုပေါင်း၍ ကဗျာ စုစည်းမှု ကို ၂၀၁၃ ၊ သြဂုတ်လ တွင်
ထွက်ရှိထားပြီး ဖြစ်။ ၂၀၁၄ ခုနှစ် ဇူလိုင်လထုတ် treasure land
မဂ္ဂဇင်းပါဝါးဖောင်မျှောတဲ့ည ဝတ္တုတိုအား ဂျာမန်ဘာသာဖြင့်
ဘာသာပြန်ဆိုခြင်းခံရ။ ၂၀၀၈ ခုနှစ် တောင်တွင်းကြီးမြို့ နယ်
စာပေနှင့် စာနယ်ဇင်းမှ ကျင်းပသည့်  ဝတ္ထုတိုပြိုင်ပွဲတွင်
ဆင်းရဲသားတို့ ဥစ္စာဝတ္ထုဖြင့်ပထမဆုရခဲ့။  ၂၀၁၅ ခုနှစ် ဇူလိုင်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းပါ တံဆိပ်ပျောက်ကြသူများ 
ဝတ္ထုဖြင့်  စိတ်ကြိုက်ရသ စာပေဆု ရရှိခဲ့။ မလေးရှားနိုင်ငံတွင် ကျင်းပသော ကဗျာခံစားမှုဆောင်းပါး ပြိုင်ပွဲတွင် ဂန္တဝင် စာရေးဆရာကြီး မင်းသုဝဏ်၏ ဖိုးမောင်လာပြီ ကဗျာခံစားမှု ဆောင်းပါးဖြင့် မြနဒီစာပေဆု ရရှိခဲ့။

No comments: