Thursday 26 May 2016

ငါ့သူငယ်ချင်းကဗျာကို ဘယ်သူနေရာရွှေ့ သလဲ



ကဗျာအကြောင်းကို ကျွန်တော်သိပ်ပြောလေ့ပြောထမရှိပါဘူး။
ကိုယ်တိုင်ကဗျာရေးပေမယ့် ကဗျာအကြောင်း ပြောရမယ်ဆိုရင်
ကျွန်တော့် ဦးနှောက်နဲ့ မနိုင်တဲ့ဝန်လို့ ခံယူထားပါတယ်။ ကဗျာ
ရေးပေမယ့် ကဗျာဆရာလို့ လဲ ခံယူမထားပါဘူး။ ကဗျာ အချို့ 
ပြည်တွင်းပြည်ပမှာ ပုံနှိပ်ဖော်ပြခံရဖူးတယ်။ အခြားကဗျာဆရာ
အချို့ နဲ့ ကဗျာစုပေါင်းလေး ၂ အုပ် ထုတ်ဝေဖူးတယ်။ ကံကောင်း
လို့ အခြားဆရာတွေက လက်တွဲဖေးမ လို့ ပါဝင်ခွင့်ရတယ် လို့ ပဲ
ခံယူထားပါတယ်။ (တကယ်လည်း ဟုတ်တယ်)
ကဗျာနဲ့ ပတ်သက်ရင် အဓိကကျေးဇူးစကား ဆိုအပ်သူတွေရှိပါ
တယ်။ ကိုရိုးသက်။ လင်းလက်တာရာနဲ့ ရာဇာမျိုး.အင်းကုန်းတို့ ပါ။
ဝါသနာပါစ ကျွန်တော့်ကို သွန်သင်လမ်းပြပေးခဲ့ကြတယ်။
ကျွန်တော်ရေးတဲ့ ကဗျာတွေဟာ ကဗျာဆိုင်ရာ အနုပညာ ဆိုတာ
ထက် ကျွန်တော်ခံစားရတာကို ကျွန်တော်ရေးထားတဲ့ စာစု အဖွဲ့ 
တွေသာ ဖြစ်ပါတယ်။ ကျွန်တော်အရမ်းကြိုက်ရင် သို့မဟုတ် ကျွန်
တော် အရမ်းပို့ ချင်ရင်မဂ္ဂဇင်း ဘာညာတွေကို ပို့ ပါတယ်။ မဟုတ်ရင် ကျွန်တော့် ဖေ့ဘုတ်မှာတင်ပါတယ်။ ဖေ့ဘုတ်မှာတင်ပြီး
ရင်လည်း ဘယ်မှ မပို့ ပါဘူး။ ပို့ မယ်လို့ ရည်ရွယ်ထားရင်လည်း
ဖေ့ဘုတ်မတင်ပါဘူး။ ဒါက ကျွန်တော့်သီးခြားခံယူချက်တစ်ခု
ကြောင့်ပါပဲ။ အခြား ဟိုအုပ်စုကို ဆန့် ကျင်တာ ဒီအုပ်စု ကို ဆန့် ကျင်
တာ မျိုးတစ်ခုမှ မဟုတ်ပါဘူး။ ကျွန်တော် ဘယ်အုပ်စုဝင်မှလည်းမ
ဟုတ်ပါဘူး။ ကျွန်တော်မဝင်ဘဲ ပါနေရတာကတော့ ထောက်ရှာတန်း
အုပ်စုဆိုတဲ့ ကျွန်တော့် ကျေးရွာအုပ်စု တစ်ခုပဲရှိပါတယ်။
အချို့ က ကျွန်တော့် ကဗျာ လိုလို ဘာလိုလိုလေးတွေကို ဖတ်မိပြီး
ကဗျာရေးချင်တယ် ..အကြံပေးပါ ဘာညာဆိုပြီး မိတ်ဖွဲ့ အကြံ
တောင်းခံလာတာမျိုးတွေ ရှိပါတယ်။ ဘယ်သူ့ ကိုပဲဖြစ်ဖြစ်ကျွန်
တော်ပြောလေ့ရှိတဲ့ စကားက ကျွန်တော် ကဗျာဆရာ မဟုတ်ပါ..က
ဗျာရေးချင်ရင် ကဗျာတွေ ဖတ်ပါ စသဖြင့် ရိုးရိုးသားသားပြောဆိုပေး
ဖြစ်ခဲ့ပါတယ်။လူချင်းအပြင်မှာဆုံရင် စာအုပ်လက်ဆောင်ပေးတတ်
ပါတယ်။ ဒီလောက်ပါပဲ။
အဲဒီလို မိတ်ဆွေတွေထဲကမှ ကျွန်တော် ပြောချင်တဲ့ မိတ်ဆွေတစ်
ယောက်အကြောင်းကို ကျွန်တော်ပြောလိုပါတယ်။
ကဗျာရေးချင်တယ်ဆိုလို့ ကျွန်တော် ကဗျာစာအုပ်တွေ အုပ်၂၀
ကျော်လောက် လက်ဆောင်ပေးလိုက်ပါတယ်။ ကျွန်တော်ပါဝင်ရေး
သားခွင့်ရတဲ့ ကဗျာစာအုပ်အပါအဝင် အခြားကျွန်တော်စုဆောင်း(အ
ချို့ စာအုပ်ဆို မလေးရှားကနေ တကူးတကသယ်လာတာတွေ)ထား
တဲ့စာအုပ်တွေ လက်ဆောင်ပေးလိုက်ပါတယ်။ သူ နဲ့ မဆုံခင် လမ်း
ကစာအုပ်ဆိုင်တစ်ဆိုင်ဝင်မွှေရင်း ကျွန်တော်ကြိုက်ပြီး မဝယ်ဖြစ်ခဲ့
တဲ့  စာအုပ်( ကွန်စစ်ကောင်း...ကြိုက်ကြိုက် မကြိုက်ကြိုက် ကျွန်
တော့်ရုပ်ရှင် ရုံတင်လိုက်ပြီ) ကိုတောင်တကူးတကဝယ်ပေးခဲ့ပါတယ်။
သိပ်မကြာပါဘူး။ ပုံတူကဗျာတွေ တက်လာပါတယ်။ ကျွန်တော်ရေး
ခဲ့တဲ့ ကဗျာတစ်ပုဒ် ကို အတူတူနီးပါးလုပ်ပြီး ဟိုဒီပို့မယ် လုပ်နေလို့ 
like ကလေးတစ်ချက်နှိပ် ကိုယ်သိကြောင်းပြ ဆောင်ရန် ရှောင်
ရန်တွေ အနည်းအပါး သိသာရုံပြော စသဖြင့် ဖေးဖေးမမ ပြောပြခဲ့
ပါတယ်။ အဲဒီကဗျာကိုတော့ ဖြုတ်ပစ်လိုက်တာတွေ့ ရပါတယ်။
နောက်ထပ် ကဗျာတစ်ပုဒ်တော့ နေမြဲအတိုင်းပါပဲ။ ကဗျာ ဖြစ်ညှပ်
ကပ် လုပ်ထားတယ်ပဲ ပြောပါရစေတော့။ တိုက်ရိုက်သွားပြောဖို့ 
ကျတော့လည်း အားနာမိနေတယ်။ မပြောဖြစ်တော့လည်း စိတ်ထဲ
တနုံ့ နုံ့ နဲ့ ။ ဒါကြောင့် ဒီစာကိုရေးဖြစ်တာပါပဲ။
ပြီးတော့ ကျွန်တော့်ကဗျာတစ်ပုဒ်ပုဒ်ကို အသုံးချတာဆိုရင် ကျွန်
တော် အသာနေပေးလို့ ရပါသေးတယ်။ အခုဟာက ကျွန်တော်
သိပ်နှစ်သက်ခဲ့တဲ့ ကျွန်တော့် မိတ်ဆွေ ရာဇာမျိုး ..အင်းကုန်းရဲ့ 
ကဗျာဖြစ်နေတယ်။ ပြီးတော့အဲဒီကဗျာ ဖြစ်အောင်ရအောင် သူ
ဘယ်လောက် ပေးဆပ်ခဲ့ရတယ်ဆိုတာ ကျွန်တော်က သိနေတယ်။
ဒါကြောင့် ကျွန်တော် သိပ်နှမြောနေမိတယ်။ ပြောသင့်မပြောသင့် ချိန်
ရင်း ချိန်ရင်း ဒီကနေ့ ဆို ၆လ လောက်ကြာခဲ့တယ်။
အခုတော့ ကျွန်တော်ပြောဖြစ်ခဲ့ပါပြီ။

အစ်ကိုကြီး
------

ပြန်မလာတော့ဘူး
သူထွက်သွားတာကြာပြီ
တစ်နေ့ တော့
မိသားစုအတွက် စာကလေးတစ်စောင်နဲ့ သူ့ လက်ရေးမူ
တစ်ခုလိုချင်ရင်တစ်ခုပေးရတဲ့ကမ္ဘာမှာ
ကျွန်တော့်အတွက်တော့ ဝမ်းနည်းမနေပါနဲ့    တဲ့
ဖြေဆေးအတွက်တော့
ငွေကြေးတွေ ပို့ လိုက်တယ်။

                     ရာဇာမျိုး... အင်းကုန်း
      ပင်လယ်နဲ့ ပတ်သက်နေတဲ့ ရွက်တွေ ကဗျာစာအုပ်မှ

 ဒါက ကိုရာဇာမျိုးရဲ့ ကဗျာလေးပါ။စာအုပ်ထဲမှာတောင် စာလုံး
မှားတာပါနေသေးပါတယ်။ထားပါ ။ပြီးပြီးသားကိစ္စက။
ကဗျာရေးချင်တာ ကို လမ်းပြပေးနိုင်တဲ့ အရည်အချင်းမရှိလို့ 
ကျွန်တော်ဖတ်ထားဖူးတဲ့ ကဗျာစာအုပ်တွေ လက်ဆောင်ပေးလိုက်
ပါတယ်။ ကျွန်တော့်လက်ဆောင်တွေကိုလှေကားလုပ်ပြီး ကဗျာ
တွေရှိရပ်အရပ်ကို ကူးပါ။ ကျွန်တော်ပေးလိုက်တဲ့ လက်ဆောင်တွေထဲ
က ကျွန်တော်ဖန်တီးထားတာ တစ်ခုခုကို လှေကားလုပ်လို့လည်းရ
ပါသေးတယ်။
ဒါပေမယ့် အခြားကဗျာဆရာတစ်ယောက်ယောက် ဘဝနဲ့ ရင်းပြီး
ရတာတဲ့ ကဗျာတစ်ပုဒ်ပုဒ်ကို နင်းပြီးတော့မှတော့  ကဗျာရပ်ဝန်း(စာ
ပေအနုပညာရပ်ဝန်း)ကို သွားဖို့ မကြိုးစားပါနဲ့ ။ ကြိုးစားခဲ့ရင်လည်း
ရောက်မှာမဟုတ်ပါဘူး။
                                 ---------------

ကျွန်တော့်မှာ ဂစ်တာတီးတော်တဲ့ အစ်ကိုတစ်ယောက်ရှိတယ်။ သူတီး
တာကြည့်ပြီး ကျွန်တော်ဂစ်တာတီးချင်လာတယ်။ သူ့ ဆီမှာ သင်တယ်။ ဂစ်တာ ၂ လက်သာ ကုန်သွားတယ် ။ ဂစ်တာတီးမတတ်ခဲ့
ဘူး။အစ်ကိုက ပြောတယ်။
မင်းက ဝါသနာပါတာ မဟုတ်ဘူး
တီးတတ်ချင်နေတာ  တဲ့။ငါ့တုန်းကဆို မနက်လေးနာရီလောက်
အဘက ဘုရားထရှိခိုးတယ် ။ ငါက ဂစ်တာထခေါက်တယ် တဲ့။
မင်းက ကျတော့ သူများတီးတာမြင်မှ တီးချင်တာတဲ့။ ဒါဟာ
ဝါသနာပါလို့ မဟုတ်ဘူး။ တီးတတ်ချင်ရုံ သက်သက်ပဲတဲ့။

ဘယ်အနုပညာ မဆို အဲသလိုပါပဲ။ အနုပညာထဲကမှ စာပေအနု
ပညာက ဝါသနာနဲ့ အလွန်ဆက်စပ်နေတဲ့ အနုပညာပါပဲ။ ပိုခက်ခဲ
ပါတယ်။ ဒီလောက်ပဲ ပြောပါရစေ။
ဒီလောက်ပြောရုံနဲ့ ပဲ ရာဇာမျိုး..အင်းကုန်းရဲ့ အစ်ကိုကြီးဆိုတဲ့ 
ကဗျာလေးကို သူ့ နေရာမှန်ပြန်ထားပေးလိမ့်မယ် လို့ ယုံကြည်ပါ
တယ်။
         တီးတတ်ချင်ချင်သက်သက်နဲ့ တော့ ဂစ်တာမဝယ်ပါနဲ့ ။  အချိန်
တွေ နှမြောစရာ ကောင်းပါတယ်။

                            လူခါး
                 09.05.2016;mon.

No comments: