သိပ်အားကျတာပဲ
စစ်တိုက်စရာ မလိုဘူး
ပိုက်ဆံရှာစရာမလိုဘူး
ရန်ငြိုးဖွဲ့ စရာ မလိုဘူး
လင်းလင်းသီချင်းအသစ် မျှော်စရာမလိုဘူး
မိတ်ကောင်းဆွေကောင်းရယ်လို့ စိုးရိမ်တကြီးရှိနေဖို့ မလိုအပ်ဘူး
လိမ်လည်လှည့်ဖျားခြင်းမခံရဘူး
လူပြောများတဲ့ မေတ္တာတရားအကြောင်း သိစရာမလိုဘူး
သိပ်အားကျတာပဲကွယ်
ချစ်စရာကောင်းတဲ့ ပင်လယ်ကြီး။
လူခါး
14.05.2016;sat.03:52pm
wakayama ken
No comments:
Post a Comment