Tuesday 28 July 2020

ဂျပန်ရောက် မြန်မာတစ်ယောက်၏ COVID ကာလ အတွေ့အကြုံများ

အပိုင်း (၂)
ပင်လယ်ပြင်၌ လှေမှောက်ခြင်း
———————————-

 ဒါပေမဲ့ ကျနော့်ဖုန်းကို ဘယ်ဟတ်ကင်းကမှ လက်ခံပြီး မဖြေတော့ဘူး။ ဒီနေရာမှာ ဟတ်ကင်းဆိုတဲ့ ကြားခံအလုပ်ရှာပေးတဲ့ ကြားခံကိုယ်
စားလှယ်(ပွဲစား)တွေအကြောင်း အနည်းငယ် ပြောပြချင်ပါတယ်။ ဂျပန်ကို အလုပ်သင် အလုပ် သမားတစ်ယောက်အနေနဲ့လာတုန်းကလည်း ခုမိအိုင် ဆို
တဲ့ကြားခံကိုယ်စားလှယ်ရဲ့တာဝန်ခံပြီး ခေါ်ယူမှုနဲ့ရောက်လာရတာပါ။ ဂျပန်ကို စရောက်တာကနေ ပြန်သည်အထိ စက်ရုံသူဌေးနဲ့အလုပ်သမားကြားထဲ
မှာ အဲဒီခုမိအိုင်တွေက တာဝန်ခံရပါတယ်။
 အခု ဟတ်ကင်းဆိုတာကလည်း ခုမိအိုင်လို အတူတူပါပဲ။ အလုပ်ကို ရှောကိုင်း(မိတ်ဆက်၊ရှာဖွေ)ပေးတဲ့ ကုမ္ပဏီပါပဲ။ တစ်နာရီဘယ်လောက်
ဆိုတာမျိုးကအစ စက်ရုံမှာ ဘယ်နေ့အင်တာဗျူးရမယ်။ ဆိုတာမျိုးတွေ၊လစာကို ဘဏ်ထဲကို ထည့်ပေးတာတွေကအစ ဟတ်ကင်းက တာဝန်ယူ လုပ်ဆောင်
ပေးပါတယ်။ အလုပ်သမားတစ်ယောက်ဟာ သူဌေးနဲ့တိုက်ရိုက်အလုပ်ဝင်တာထက် ဟတ်ကင်းတွေရဲ့အလုပ်ရှာဖွေပေးမှုကနေ ဝင်တာက ပိုပြီးတော့ သက်
တောင့်သက်သာ ဖြစ်စေ ၊မြန်ဆန်စေပါတယ်။ အလုပ်အကိုင်ကို လိုက်ပြီးတော့ နာရီကြေးကွာတတ်ပါတယ်။ ကုမ္ပဏီက တစ်နာရီ ယန်း၁၈၀၀ လောက်ပေး
ရင် ဟတ်ကင်းက ယန်း ၄၀၀လောက်ယူပါတယ်။(ထုတ်တော့မပြောပါဘူး။လေ့လာမိသလောက် သိရတာပါ။ )အလုပ်သမားကိုတော့ တစ်နာရီ ယန်း၁၄၀၀
ပေးပါတယ်။ အလုပ်တစ်ခုကို အလုပ်သမားတစ်ယောက်သွင်းရင် ဟတ်ကင်းက တစ်နာရီ ယန်း၄၀၀ရတော့ တစ်ရက်ဆို အချိန်ပိုကြေးမပါ ၃၂၀၀ပါ။ အဲဒီ
လိုအလုပ်သမားတွေ များများအလုပ်ပေးနိုင်လေ ဟတ်ကင်းတွေက ဝင်ငွေရကြလေပါ။ ဒါကြောင့် ဟတ်ကင်းတွေဟာ အလုပ်သမားတွေကို ဖုန်းခေါ်တာပဲ
ဖြစ်ဖြစ်၊ စာပို့တာပဲ ဖြစ်ဖြစ် ချက်ချင်း တုံ့ပြန်တတ်ကြပါတယ်။ အလုပ်သမားတွေကို လက်လွတ်မခံတတ်ကြပါဘူး။
 ဒါပေမဲ့ ဒီတစ်ခါတော့ ကျနော့်ဖုန်းကို မကိုင်တဲ့အပြင် ပြန်လည် ဆက်သွယ်လာခြင်းလည်း မရှိပါဘူး။ ကျနော် စိတ်ပူစ ပြုလာပါပြီ။ကိုရိုနာ ဗိုင်းရပ်
နဲ့အလုပ်အကိုင်နဲ့သေချာပေါက်ဆက်စပ်မှု ရှိနေတယ်ဆိုတာကို လက်မခံလို့မရတော့ဘူးလို့ ကိုယ့်ဘာသာ သိလာခဲ့ပါပြီ။ တိုကျိုမှာ လူတစ်ယောက်စ
နှစ်ယောက်စကနေ ဆယ်နဲ့ရာနဲ့ ကူးစက်ခံနေရကြောင်း သတင်းတွေ ဖတ်လာရပြီ။
 အဲဒီအချိန် ဟော့ကိုင်းဒိုးမှာ အလုပ်သင်ဗီဇာနဲ့ရောက်နေတဲ့ ညီငယ်တစ်ယောက်က ဆက်သွယ်လာပါတယ်။ သူရောက်နေတဲ့ မြို့မှာ ကိုရို
နာကြောင့် လူသေဆုံးမှုတွေ တစ်နေ့တစ်ခြားများလာနေတဲ့ အကြောင်း။ သူတို့ဟာ တစ်ပါတ်ကို တစ်ရက်လောက်ပဲ အလုပ် လုပ်နေရလို့အဆင်မပြေ
တဲ့အကြောင်း။ သူ နဲ့အတူ လာခဲ့ကြတဲ့ သူငယ်ချင်းတွေဟာ သူတို့မြို့ကနေ ထွက်ပြေးသွားကြတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ လိုအပ်ရင်သူလည်း
အဲဒီမြို့ကနေ ထွက်လာချင်တဲ့အကြောင်း ပြောလာပါတယ်။ ကျနော်လည်း ကြားသိရသလောက် သတင်းတွေ ရှင်းပြပြီး အသက်အန္တရာယ်စိုးရိမ်ရလို့ထွက်
လာချင်ရင် ကျနော်တတ်နိုင်တဲ့ဘက်က ကူညီမယ့်အကြောင်း ပြန်ပြောဖြစ်တယ်။ ပြောသာပြောရတာ အလုပ်က မရှိ။
 ကိုရိုနာကူးစက်မှုဟာ ဂျပန်မှာတော့ အတော်မြန်ဆန်တယ်လို့ဆိုရပါမယ်။ အာဘေးဟာ ရုတ်တရက်ကြီး ကျောင်းတွေ ပိတ်တဲ့ အကြောင်းကို
ကြေညာပစ်တယ်။ ကျနော်တို့လို နိုင်ငံခြားသားတွေ မပြောနဲ့ဂျပန်တွေတောင် အံ့အားသင့်ကုန်ကြတယ်။ ကလေးရှိတဲ့ မိဘတွေဟာ အလုပ်ကို သွားလို့
မရတော့ဘဲ အိမ်မှာပဲ ကလေးထိန်းရတော့မယ်၊ ဝင်ငွေမရှိတော့ဘူး ဆိုပြီး ငြီးငြူကြတယ်။ ဂျပန်မှာက အလုပ်မရှိရင် နိုင်ငံခြားသားဖြစ်ဖြစ်၊ နိုင်ငံသားဖြစ်
ဖြစ် ရပ်တည်လို့မရပါဘူး။ နိုင်ငံသားတွေကတောင် ပိုဆိုးသေးတယ်လို့ပြောလို့ရပါတယ်။ အခွန်တွေ၊ အရစ်ကျစနစ်နဲ့ဝယ်ထားတဲ့ ပိုင်ဆိုင်မှုတွေအတွက်
ပေးသွင်းရမယ့် လစဉ်ကြေးတွေ။

ကလေးရှိတဲ့လူတွေ အလုပ်မလုပ်ဘဲ က
လေး ထိန်းနေရလို့  အလုပ်တွေ ပေါလာ
မယ်လို့ ထင်ရပေမယ့် လက်တွေ့မှာ ဖြစ်မ
လာပါဘူး။
 တိုကျို၊ ခနဂဝ၊ ချိဘ၊စိုင်းတမ၊အိုဆာကာ၊ ဖုခုအိုက၊ရှောဂို စတဲ့နေရာ ၇ နေရာကို အရေးပေါ်အခြေအနေကြေညာတယ်။အလုပ် လက်မဲ့တွေ
များလာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ မြင့်တက်လာတယ်။ ၂၀၂၀မှာ ကျင်းပမယ်ဆိုတဲ့ တိုကျို အိုလံပစ်ကို ရွှေ့တယ်ဆိုတဲ့အကြောင်းကြေညာ
တယ်။ကျနော်ဟာ အဲဒီကာလတွေမှာ အလုပ်ကို  အသည်းအသန်ရှာနေရတဲ့ ကာလတွေပဲ။ အပြင်ကို စိုးရိမ်စိတ်နဲ့ထွက်ပြီး အလုပ်ရှာရတယ်။ ဖုန်းဆက်လို့
ဖုန်းမကိုင်တဲ့ ဟတ်ကင်းတွေဆီကို လူကိုယ်တိုင်သွားပြီး အလုပ်လိုချင်ကြောင်း။ ဘာအလုပ်ဖြစ်ဖြစ် လုပ်နိုင်ပါကြောင်း လျှောက်လွှာတင်ရတယ်။
 ဟတ်ကင်းတွေဟာ သူတို့ဆီကို အလုပ်လိုချင်လို့လာတဲ့ နိုင်ငံခြားသားတွေကို ဂျပန်စကားကို ဘယ်လောက်ပြောနိုင်သလဲ၊ ကိုယ်လက်အင်္ဂါ
သန်စွမ်းရဲ့လား။ ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ရဲ့လား။ အမိန့်ကိုနာခံတဲ့ လူတစ်ယောက် ဖြစ်ပါ့မလား စတာတွေနဲ့တိုင်းတာ အကဲဖြတ်ပြီးမှ အလုပ် ခန့်
လေ့၊ အလုပ်ရှာပေးလေ့ ရှိပါတယ်။ ကျနော့်အတွက်တော့ သူတို့တိုင်းတဲ့ပေတံဟာ အံဝင်ခွင်ကျပါပဲ။ ဒါပေမဲ့ ဘယ်ဟတ်ကင်းကမှ အလုပ်အသစ်ကို မိတ်
ဆက်မပေးနိုင်၊ ရှာမပေးနိုင်ကြပါဘူး။
 အဲဒီအချိန်မှာပဲ ကျနော်ထွက်လာခဲ့တဲ့ ကားစက်ရုံက အလုပ်သမားတွေ ဖြုတ်တယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။ စက်ရုံမှာပဲ ကိုရိုနာကူးစက်
ခံရသလိုလို သတင်းတွေလည်း ကြားလာရပါတယ်။ ရောဂါကူးစက်မှုရှိတယ်ဆိုတာ မဟုတ်ပေမယ့် အလုပ်သမားတွေဖြုတ်တယ်ဆိုတာကတော့ ဟုတ်ပါ
တယ်။ ဖြုတ်တဲ့ အလုပ်သမားတွေဟာ အဖြုတ်ခံရတယ်ဆိုတဲ့ စာရွက်ကိုတောင်းပြီး HELLO WORK ဆိုတဲ့ အလုပ်သမားနဲ့သက်ဆိုင်တဲ့ အစိုးရ ဌာနမှာ
တစ်လကို ယန်း၁၅ သောင်း (မြန်မာငွေ သိန်း၂၀) လောက်ကို ၅လစာ ရရှိဖို့အခွင့်အရေးရကြပါတယ်။ အလုပ်မဖြုတ်ပေမယ့် တစ်ပါတ်ကို တစ်ရက်လောက်
နှစ်ရက်လောက်ပဲ ဆင်းခွင့်ရတဲ့ အလုပ်သမားတွေဟာ မဆင်းရတဲ့ ရက်တွေအတွက် လုပ်အားခရဲ့၆၀ ရာခိုင်နှုန်းကို ရကြပါတယ်။
 တကယ် ရင်ခံရတဲ့ကာလတွေပါပဲ။ ကျနော်ဟာ အလုပ်က အဖြုတ်ခံရတဲ့လူ မဟုတ်လို့ အိမ်မှာ ထိုင်နေရင်းရမယ့် HELLO WORK က ပေး
တဲ့ တစ်လ ယန်း ၁၅ သောင်း(မြန်မာငွေ သိန်း၂၀) ကိုလည်း ရယူခွင့်မရှိပါဘူး။ ကျနော်သာ အလုပ်က မထွက်ရင် လုပ်သက်အရ အလုပ်ဖြုတ်ခံရတဲ့ အထဲ
မှာ မပါနိုင်တာမို့သေချာပေါက် ရက်ခြားဆင်းရင်း ၆၀ ရာခိုင်နှုန်းကို ထုတ်စားနေရုံဖြစ်နေမှာပါ။ ဒါပေမဲ့ မရတော့ပါဘူး။ အားလုံးဟာ နောက်ကျ သွားခဲ့
ပါပြီ။
 အဲဒီအချိန်မှာ ကျနော့်အစ်ကိုဝမ်းကွဲတစ်ယောက်ပြောပြတဲ့ မာနနဲ့ပတ်သက်တဲ့ အကြောင်းကို ပြန်သတိရမိပါတယ်။ သူဖတ်ထားဖူးတဲ့ အကြောင်း
ကို ငယ်ငယ်က နားထောင်ခဲ့ဖူးတာပါ။ သားအဖနှစ်ယောက် ကြက်ဥဝယ်သွားတာ လူတစ်ယောက်နဲ့တိုက်မိပြီး ကြက်ဥတွေကျကွဲကုန်တယ်။ ဒါကို တိုက်
မိတဲ့လူက ပြန်ဝယ်ပေးတော့ အဖေလုပ်သူက မယူဘဲ ပြန်တယ်။ သားလုပ်တဲ့လူက ကြက်ဥကို ယူလိုက်ပြီး အိမ်ပြန်လာတော့ အဖေလုပ်သူက စိတ်ဆိုးပြီး
မင်း ဘာလို့ယူလာတာလဲ။ မာနမရှိဘူးလားလို့မေးသတဲ့။ သားလုပ်သူက ပြန်ပြောတယ်။ အဖေ့မာနက ချက်စားလို့မရဘူး။ ကြက်ဥက ချက်စားလို့ရတယ်တဲ့။
 အစ်ကိုက ပြောပြတုန်းကတော့ ရယ်တောင် ရယ်မိပါသေးတယ်။အခု လက်တွေ့လည်းရင်ဆိုင်ရရော မရယ်နိုင်တော့ဘူး။ မာနဆိုတာ ကိုယ့်
ကိုယ် ပြန်ပြီး ဒုက္ခပေးတတ်တဲ့ ဆူးတစ်ချောင်းပါလားဆိုတာကို သေချာပေါက် သိလိုက်တဲ့ အချိန်မှာ ဆူးဟာ နှုတ်လို့မရတော့ပါဘူး။
 ကျနော် အင်တာနက်ကို ခေါက်တယ်။ ဂျပန်တစ်နိုင်ငံလုံး ဘယ်နေရာက အလုပ်ပဲရရ(တိုကျိုတော့ အစကတည်းက လူနေထူထပ် မွမ်းကြပ်တာ
ကို မနှစ်သက်လို့ကျတော်မသွားပါဘူး) ရတဲ့အလုပ် သွားလုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချရင်း အလုပ်ရှာတယ်။ ကံကောင်းထောက်မစွာနဲ့ဟတ်ကင်းတစ်
ယောက်နဲ့ကျနော် ချိတ်မိပါတယ်။ ဟတ်ကင်းနာမည်က ဆဲအိခုချိတဲ့။ အလုပ်ရှိတဲ့နေရာက အရေးပေါ်ကြေညာချက် ထုတ်ထားတဲ့နေရာ။ စိုင်းတမ။
မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့လို့ဆိုတဲ့ အစိုးရရဲ့အရေးပေါ် ကြေညာချက်ထုတ်ခံထားရတဲ့နေရာ။ ကျနော်တွေးတယ်။ ငါ ဘယ်လို လုပ်မလဲ။ သွားမလား။
မသွားဘူးလား။ အလုပ်က ရမှာတော့သေချာတယ်။ လုပ်ရမှာက အော်ပရေတာပဲ။ စက်ကိုင်ရမယ်။ လစာက တစ်နာရီ ယန်း၁၂၀၀။ တစ်လကို အချိန်ပို
နာရီ ၂၀လောက်ရမယ်။ ထွက်လိုက်တဲ့ အလုပ်လောက် လစာမကောင်းပေမယ့် အခုလို အနေအထားမှာ မက်မောလောက်စရာ အလုပ်ပါပဲ။ ဒါပေမဲ့ ရော
ဂါပိုးကူးစက်မှု မြန်နေတဲ့နေရာ။ အရေးပေါ် ကြေညာချက် အထုတ်ခံထားရတဲ့ နေရာ။
 အဲဒီနေရာကို သွားမလား။မသွားဘူးလား။
လက်ကျန်ငွေကလည်း နည်းနေပြီ။ အိပ်ရာပေါ်မှာ ခွေနေရင်း ကျနော် အသည်းအသန် စဉ်းစားတယ်။
   ''ကတောက်''
 အဲဒီအချိန်မှာပဲ ကျနော့်အခန်းရဲ့တံခါးမှာ ကပ်ထားတဲ့ စာတိုက်ပုံးထဲကို ပစ္စည်းတစ်ခုခု ထိုးထည့်လိုက်တဲ့ အသံကို ကျနော် ကြားလိုက်ရတယ်။
ခဏနေတော့ အဆောင်အောက်ကနေ ဆိုင်ကယ်တစ်စီး မောင်းထွက်သွားသံကို ကြားလိုက်ရပြန်တယ်။ ကျနော့်ဆီကို စာတိုက်ကနေ တစ်ခုခု လာပို့သွား
တာပဲလို့တွေးရင်း အိပ်ရာထဲကနေ ကျနော်ထလိုက်တယ်။ ဘာဖြစ်မလဲ။ ဒီအချိန်မှာ လာစရာ ရှိတာဆိုလို့။ ဘုရား..ဘုရား မဟုတ်ပါစေနဲ့။
 ကျနော် စာတိုက်ပုံးကို ဖွင့်လိုက်တယ်။ စာအိတ်တစ်လုံး။ ဘာစာပါလိမ့်ဆိုပြီး စာအိတ်ကို ကမန်းကတန်း ကျနော် ဖြဲပစ်လိုက်တယ်။ စာမှာ ဂျပန်
လိုရော၊ ဘရာဇီးလိုရော၊ အင်္ဂလိပ်လိုရော ဘာသာစကားသုံးမျိုးနဲ့ရေးထားတယ်။
 ''ဇော်.ပေးရန်ကျန်နေတဲ့ မင်းရဲ့အိမ်လစာကို ခုလ ၂၀ ရက်နေ့နောက်ဆုံးထားပြီး
လာပေးပါ''..တဲ့။

လူခါး
2020.07.23;japan
အပိုင်း(၃)...ဆက်ရန်

No comments: