Friday, 20 May 2022

မြို့သစ်



ဒူးအထိ တက်ဝတ်ထားတဲ့ ပုဆိုးနဲ့

တဝက်ချိုး ထုံးထားတဲ့ ကျော်သူစတိုင်လ် လွယ်အိတ်နဲ့

ငါတို့မြို့ကထွက်တဲ့ ဝါးခမောက်နဲ့

မြို့ကလေးမှာ ထစ်ခနဲဆို မင်းလက်ရာချည်းပဲ

ငယ်စဉ်က လူမိုက်အထာနဲ့ ကျောင်းသား

ကြီးတော့ လူမိုက်အထာနဲ့ ကျောင်းဆရာ

၂၀၂၁ ဖေဖော်ဝါရီက စလို့

မင်းဟာ တော်လှန်ရေးသမားဖြစ်သွားတယ်

ကဗျာတဲ့

မင်း ဖက်တွယ်ထားတဲ့ ဓားဟာ

တရားသော စစ်အတွက်လို့

ငါ ယုံတယ် မြို့သစ်။


                   သူငယ်ချင်းရေ မင်းအတွက်ကွာ

No comments: