သူငယ်ချင်းအရင်းတွေထဲမှာ ရဲတွေ၊ စစ်သားတွေ၊ နိုင်ငံ့ဝန်
ထမ်းတွေ ရှိတယ်။ ရဲ သူငယ်ချင်းတွေဆို ရိုးရိုးအအ ပျော်
ပျော် နေတတ်သူတွေပေါ့။ ပညာရေးဆုံးခန်းတိုင်မှ ရဲအဖြစ်
တာဝန်ယူတာဆိုတော့ ရာထူးတွေကလည်း မသေးလှဘူး။
စကစက အာဏာသိမ်းလိုက်တော့ သူတို့နဲ့ ကိုယ်နဲ့ သေခန်း
ပြတ်သွားတယ်။ သူတို့ကိုယ်တိုင်က မတရားမှုကို ကျူးလွန်
တာမဟုတ်ပေမယ့် မတရားမှုဖြစ်ကြောင်း ထုတ်မပြောရဲခဲ့
ကြဘူး။ ပထမတော့ ပြည်သူ့ရဲ နောက်တော့ စကစရဲ့ ရဲ ဖြစ်
သွားတယ်။
စစ်သားသူငယ်ချင်းတွေလည်း ရဲတွေလိုပဲ။ ပညာရေးပြီးမှ
စစ်ထဲရောက်တာဆိုတော့ သူတို့လည်း ရာထူးတွေနဲ့။ ရဲသူ
ငယ်ချင်းတွေထက်သာတာက စစ်သူငယ်ချင်းတွေက စည်း
စိမ်ဥစ္စာ ပိုင်ဆိုင်မှု ပိုများကြတာပဲ။ မြန်မာနိုင်ငံရဲ့ လွဲမှားနေ
တဲ့ ဖြစ်တည်မှုအရ ရဲထက် စစ်သားက ချမ်းသာနေတာက
ဘာကြောင့်လဲလို့ အဖြေရှာနေစရာကို မလိုခဲ့ဘူး။ ရာထူး
ကြီးသူ၊ အာဏာရသူ၊ ကပ်မိတဲ့သူက ပိုပြီး အရာရောက်
ပိုပြီး ချမ်းသာကြွယ်ဝတာက သဘာဝလို ဖြစ်နေတာကိုး။
စကစက အာဏာာသိမ်းလိုက်တော့ စစ်သူငယ်ချင်းတွေ
လည်းသူတို့နေရာ ပျောက်မှာစိုးတာနဲ့ မလှုပ်ရဲကြဘူး။ မတ
ရားမှုမှာ အသံတိတ်နေခဲ့ကြတယ်။
နိုင်ငံ့ဝန်ထမ်းလို့ ကြွေးကြော်ခဲ့ကြတဲ့ သူငယ်ချင်းဝန်ထမ်း
တွေလည်း ကိုယ့်အကောင့်ထဲကနေ ပျောက်ချင်းမလှ ပျော
က် သွားကြတယ်။ သူတို့မှာလည်း ရာထူးတွေ၊ ပိုင်ဆိုင်မှုတွေ နဲ့ပဲ။
ကျောင်းတုန်းက အတူပျော်ရွှင်ဖြူစင်ခဲ့တဲ့ သူငယ်ချင်းတွေ
ဟာ အာဏာသိမ်းလိုက်တာနဲ့ ဘာကြောင့် စိတ်ဝမ်းတွေကွဲ
ပြီး ရန်သူတွေ ဖြစ်သွားခဲ့ကြတာလဲ။ အဖြေကတော့ ရထား
တဲ့ နေရာကို မစွန့်လွှတ်နိုင်ခြင်းနဲ့ ဦးနှောက်သင်းကွပ်ခံထား
ရခြင်းကြောင့်ပါပဲ။
ခေတ်အဆက်ဆက် လက်နက်ရှိသူ၊ အာဏာရှိသူ၊ ရာထူးရှိ
သူကသာ လူ့အသိုင်းအဝန်းရဲ့ အိမ်ဦးခန်းမှာ နေရာယူထား
ခဲ့ကြလေတော့ ကျွန်တော့်သူငယ်ချင်းတချို့လည်း အဲဒီအ
တွေးခေါ်အယူအဆ ဖြစ်တည်မှုကို သာယာနှစ်ခြိုက်လက်ခံ
ကြလို့ပါပဲ။
ဆယ်တန်းတုန်းက အောင်မှတ် ၂၄၀နဲ့ အောင်တဲ့ကောင်ဟာ
အကပ်အရပ်ကောင်းပြီး တရားစီရင်ရေးမှာ နေရာရလာ
တယ်။ သူက ဒါကို မစွန့်နိုင်တော့ဘူး။ ဒီတော့ မတရားမှုကို
ထုတ်မပြောရဲတော့ဘူး။ ဘာလို့လဲ ဆိုတော့ နေရာပျောက်
မှာစိုးလို့။
ဆယ်တန်းတုန်းက အောင်မှတ် ၂၄၀ကျော်နဲ့ အောင်တဲ့သူ
ငယ်ချင်းဟာ DSA ကျောင်းဆင်း အရာရှိကြီး ဖြစ်လာတော့
မတရားမှုကို ထုတ်မပြောရဲတော့ဘူး။ နေရာ ပျောက်မှာစိုး
လို့ပါပဲ။
ရိုးရိုးသားသားနဲ့ စာတော်တဲ့ သူငယ်ချင်းဟာ သူ့အဖေကရဲ၊
သူလည်း ရဲဘဝကို ချစ်လွန်းလို့ ရဲထဲ ဝင်သွားပေမယ့် တ
ကယ့်ရဲထဲလည်း ရောက်ရောအထက်အမိန့်အရ တာဝန်အရ
စတာတွေနဲ့ ဖိနှိပ်ခံရပြီး မတရားမှုကို မငြင်းဆန်ရဲတော့
ဘူး။ ဒါလည်း နေရာပျောက်မှာ စိုးလို့ပါပဲ။
မီးရထားဘူတာမှာ အိမ်ခန်းလေးတခန်း လစာလေး တသိန်း
လောက်နဲ့ မိသားစု တာဝန်ကို ထမ်းထားခဲ့ရတဲ့ သူငယ်ချင်း
တယောက်ဟာ အာဏာာသိမ်းလိုက်ကတည်းက ဝန်ထမ်း
အိမ်ခန်းကဆင်းပြီး လမ်းမပေါ်မှာ လက်သုံးချောင်းထောင်
ခဲ့တယ်။ သူ့မိသားစုဟာ နေစရာမဲ့၊ စားစရာမဲ့။ ဘာပိုင်ဆိုင်
မှုမှ မရှိဘဲ အာဏာာရှင်ကို တော်လှန်ရဲခဲ့တယ်။ သူရထားတဲ့
နေရာကို စွန့်ခဲ့တယ်။ ဘာလို့လဲ။ မတရားမှုကို လက်မခံ နိုင်
လို့ပါပဲ။
အသိမိတ်ဆွေ တချို့ ပါမောက္ခတွေ၊ အထက်တန်းပြတွေ၊
အပွင့်အခက်တွေ အများကြီးနဲ့ ရာထူး၊ နေရာကို စွန့်ပြီး
ရရာအလုပ်လုပ်ရင်း စကစကို တော်လှန်ခဲ့တယ်။
ရာထူးရှိတာချင်းလည်းတူ၊ ပိုင်ဆိုင်မှုချင်းလည်းတူပါလျက်နဲ့ တချို့က တော်လှန်ရဲပြီး တချို့က ဘာလို့ မတော်လှန်
ရဲတာလဲ။
တခုတည်းသော အဖြေကတော့ ငါ့နေရာ၊ ငါ့ဥစ္စာ စတဲ့ အတ္ထတွေ များပြီး အမှားအမှန်ကို မဆင်ခြင်နိုင်တော့တဲ့
ဉာဏ်ပညာနည်းပါးမှု ကြောင့်ပါပဲ။ ကိုယ်ချင်းစာတရား
ခေါင်းပါးမှု ကြောင့်ပါပဲ။
တော်လှန်ရေးကြီး အောင်တဲ့အခါ ကိုယ်ချင်းစာတရား ထွန်းကားတဲ့ လူ့ဘောင်သစ်တခုကို ကျွန်တော်တို့ ဖန်ဆင်းကြမယ်။ ပိုင်ဆိုင်မှုထက် မတရားမှုကို ထုတ်ဖော်ဆန့်ကျင်ရဲတဲ့
လူ့အဖွဲ့အစည်းတခုကို ကျွန်တော်တို့ ဖန်ဆင်းကြမယ်။
#အရေးတော်ပုံအောင်ရမည်
#လူခါး
၂၀၂၁-၀၈-၁၅-ဂျပန်
#photocrd
No comments:
Post a Comment