ဂျပန်ကို ရောက်ကာစက သူဌေးပေးတဲ့ စက်ဘီးလေးတစ်
စီးနဲ့။ သူငယ်ချင်း သုံးယောက် စျေးဝယ်သွားရင်လည်း
စက်ဘီးနဲ့။ အလုပ်သွားရင်လည်း စက်ဘီးလေးနဲ့။
တစ်နေ့တော့ သုံးယောက်သား စက်ဘီးကလေးကိုယ်စီနဲ့
စျေးသွားကြတော့ သူငယ်ချင်းတစ်ယောက်က လမ်းမှာ
ခဏဝင်နေခဲ့တာနဲ့ ကျွန်တော်ရယ် နောက်တစ်ယောက်
ရယ်က ရှေ့ကသွားနှင့်ရတယ်။
ကျွန်တော်တို့စျေးဝယ်ပြီးတဲ့အထိ နောက်မှာ ကျန်နေခဲ့တဲ့
သူငယ်ချင်းက လိုက်မလာတာနဲ့ သူ့ကို လိုက်ရှာကြရင်း
လမ်းတစ်ဖက်မှာ လှမ်းမြင်လိုက်တာနဲ့ ကျွန်တော်က ဘေး
က စက်ဘီးယှဉ်နင်းနေတဲ့ သူငယ်ချင်းကို "ဟိုမှာ ဟိုမှာ"ဆို
ပြီး လမ်းတစ်ဖက်က သူငယ်ချင်းကို လက်ညှိုးလှမ်းထိုးပြီး
ပြမိတယ်။
လမ်းတစ်ဖက်က စက်ဘီးနင်းလာတဲ့ သူငယ်ချင်းက ဘာကိုစိတ်ဆိုးတယ် မသိဘူး။ဝုန်းဆို စက်ဘီးကို တွန်းလှဲပြီး ကျွန်
တော့်ဆီကို တရှိန်ထိုးပြေးလာတယ်။ ပါးစပ်ကလည်း ဂျပန်
လိုတွေ အော်လို့ပေါ့ ။
"စာရေးဆရာ ပြေးပြေး"
ဘေးနားက သူငယ်ချင်းက သတိပေးရင်းပြေးတာနဲ့ ကျွန်
တော်လည်း စက်ဘီးကို အတင်းနင်းပြီး ပြေးရတယ်။
ခပ်ဝေးဝေးရောက်မှ သေချာပြန်ကြည့်တော့ ကျွန်တော်လက်ညှိုးနဲ့ ထိုးခဲ့တဲ့သူဟာ ကျွန်တော့်သူငယ်ချင်းမဟုတ်ဘဲ
အရူးတစ်ယောက် ဖြစ်နေတယ်။
အရူးက ကျွန်တော့်ကို ဘာလို့စိတ်ဆိုးတာလဲ ကျွန်တော်
မသိခဲ့ဘူး။ လူမှားပြီး လက်ညှိုးလေးထိုးမိတာနဲ့ ဘာလို့
စိတ်တွေ အရမ်းဆိုးပြီး ရန်မူရတာလဲပေါ့။
သေချာသိတဲ့ နားလည်တဲ့ လူကိုမေးကြည့်တော့မှ ဂျပန်မှာ
လူတစ်ယောက်ကို လက်ညှိုးနဲ့ ထိုးလို့မရဘူးတဲ့။ ရိုင်းလွန်း
တယ်တဲ့။အရူးပဲ ဖြစ်ဖြစ် လူကောင်းပဲ ဖြစ်ဖြစ် လက်ညှိုး
မထိုးမိပါစေနဲ့..တဲ့ ။
အဲဒီကတည်းက ကျွန်တော်ဟာလူတစ်ယောက်ကိုလက်ညှိုး
ထိုးဖို့ကို မလုပ်ဖြစ်အောင် ရှောင်ဖြစ်တော့တာပါပဲ။
သူတပါးကို လက်ညှိုးထိုးရတာဟာ သိပ်လွယ်ပါတယ်။
မထိုးမိအောင် ဆင်ခြင်ရတာကတော့ ခက်လွန်းလှပါတယ်။
လူခါး
၂၀၁၉.၁၂.၂၁
No comments:
Post a Comment