Saturday, 21 May 2022

ကျွန်တော် မြက်ရိတ်တတ်ပြီ အမေရေ


ကျွန်တော် ၇ တန်းနှစ်က။ ရွာ့အနောက်ဖက်က ကျွန်တော်တို့ ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင် စားလာတဲ့ လယ်ယာတွေထဲမှာ ကျွန်တော်နဲ့ နွားတစ်ရှဉ်းနဲ့။ အိမ်ကနေ လှည်းပေါက်စလေးကို နွားနှစ်ကောင်တပ်ပြီး ထွက်လာခဲ့တာ။ ဘာရည်ရွယ်ချက်ရယ်လို့

တော့ မဟုတ်ဘူး။ ကျောင်းပိတ်ရက် ရွာကို အလည်

ပြန်လာတုန်း ကိုယ့်လယ် ကိုယ့်ယာထဲ (အိမ်လည်သွားသလို) ထွက်လာခဲ့တာ။ အဲဒီအချိန်အထိ တောင်သူအ

လုပ်ကို ကျွန်တော် ဘာမှ မလုပ်တတ်သေးဘူး။ လှည်း

မောင်းရင်တောင် လှည်းနားစောင့်နဲ့ အိမ်တံခါးနဲ့ တိုက်တုန်း။အမေကဆို လှည်းနဲ့မြို့သွားရင် ကျွန်တော့်ကို မခေါ်ချင်ဘူး။ နင်က စိုးမင်းသူ(ကျွန်တော့်ညီ)လောက်တောင် လှည်းမမောင်းတတ်ဘူး..တဲ့။

ဟုတ်လည်း ဟုတ်တယ်။ ကျွန်တော်လှည်းမောင်းပြီး

အိမ်ထဲကထွက်ရင် ရှေ့ကိုမကြည့်ဘူး။ လှည်းဘီးနဲ့ အိမ်တံခါးနဲ့ တိုက် မတိုက် ကြည့်တာ။


ကျွန်တော်ကသာ ဘာမှ မလုပ်တတ်သေးတာ ရွာက

ကျွန်တော်နဲ့ရွယ်တူတွေက တောင်သူခွင်ကို နိုင်နေကြပြီ။


ကျွန်တော် လယ်ထဲနွားတွေနဲ့ ရှိနေတုန်း ကျွန်တော့်ထက် ငယ်တဲ့လူတယောက် နွားကျောင်းရင်း အနားရောက်လာတယ်။ ဆန်းလင်း တဲ့။ (နာမည်ပါထည့်ရေးလိုက်ပြီ) ရောက်တတ်ရာရာပြောဆို နေကြတုန်း သူက

လှည်းကောက်လာပြီး မြက်မရိတ်ဘူးလားတဲ့ မေးတယ်။


လှည်းကောက်တယ်ဆိုတာက နွားကိုလှည်းမှာတပ်တာ။ လှည်းကောက်ဟေ့ ဆိုရင် နွားကို လှည်းမှာ တပ်ခိုင်းတာပေါ့။ ရွာမှာတော့ နွားကိုလည်း နိုင်မှ၊ လှည်းဦးကို မ ပြီး လှည်းထောက်လှည်း ဖြုတ်နိုင်မှ လုပ်လို့ရတာမျိုး။ လူပျိုအရွယ်လောက်မှ လုပ်နိုင်ကြတာ။တောင်သူအတတ်ပညာတစ်ခု ဆိုပါတော့။


ဆန်းလင်းက မေးတော့ ကျွန်တော်လည်း အမှန်အတိုင်း ဖြေလိုက်တယ်။


ငါမှ မြက်မရိတ်တတ်တာ..။


ဟင်..။


ဆန်းလင်းက ကျွန်တော့်ကို ကြည့်ပြီး..ဟင်တဲ့။


မြက်ရိတ်တာများ အလွယ်လေး။ ညာလက်က တံစဉ်ကို ကိုင်ပြီး ဘယ်ဘက်လက်က မြက်ကိုဆုပ်၊ တံစဉ်ကို ဘယ်ဘက်လက်ဖနောင့် အောက်ကနေ ပွတ်ဆွဲလိုက်။ ပွတ်ဆွဲလိုက်တာနဲ့ တပြိုင်တည်း မြက်ကို ဆုပ်ထားတဲ့ ဘယ်လက်ကို ရှေ့ကို တွန်းလိုက်။ ဗြိခနဲ..ပြတ်ကရော..တဲ့။


ဟာ လွယ်လှချည်လား။


ကျွန်တော် ပျော်သွားတယ်။ မြက်ရိတ်တာ အဲ့သလောက်လွယ်လား။ ကျွန်တော် လှည်းဆီ ပြေးသွားတယ်။ လှည်း ဓားမ

ချပ်မှာ စိုက်ထားတဲ့ တံစဉ်ကို ယူပြီး ဆန်းလင်းဆီ ပြန်ပြေးတယ်။


ငါ့ကို မြက်ရိတ်နည်း သင်ပေးပါလား။


ဆန်းလင်းက ကျွန်တော့်ကို တစ်ချက်ကြည့်တယ်။ ပြီး

တော့ မြက်ထူထူ ရှိတဲ့နေရာမှာ ထိုင်ချလိုက်ပြီး သူပြောပြထားတဲ့ အတိုင်း ရိတ်ပြတယ်။ တဗြိဗြိနဲ့ပေါ့။


ရော့..ရိတ်ကြည့်။


ဆန်းလင်းက သူကိုင်ထားတဲ့ တံစဉ်ကို ကျွန်တော့်ဆီ ထိုးပေးတယ်။


ကျွန်နော်လည်း သူပြသလို ရိတ်ကြည့်တယ်။ ညာလက်က တံစဉ်၊ ဘယ်လက်က မြက်ကိုဆုပ်။ ညာလက်နဲ့ မြက်ကို ဖြတ်လိုက်တာနဲ့ ဘယ်လက်က ရှေ့ကိုတွန်း။ ဗြိခနဲ။


အိုကေပဲ။ အံကိုက်ပဲ။ နာရီဝက်အတွင်း ကျွန်တော် 

မြက် ရိတ်တတ်သွားတယ်။ ဒါပေမဲ့ ဆန်းလင်းက အလိုမကျဘူး။ 


မြက်တွေက မညီဘူးတဲ့။


ကျွန်တော်ကြည့်လိုက်တော့ ဟုတ်တယ်။ သူရိတ်ထားတဲ့ မြက်တွေက ဖင်လေးတွေ ညီလို့ ။ ဘုရားပန်းတွေ ဖင်ချင်းညီအောင် စီထားသလိုပဲ။ ကျွန်တော် ရိတ်ထား

တဲ့ မြက်တွေက ငှက်ဖျားမိထားသူရဲ့ ဆံပင်လိုပဲ။ 


နောက်တော့ ညီလာမှာပေါ့..တဲ့။ ဆန်းလင်းက ပြောပြီး သူ့နွားအုပ်ဆီ ထွက်သွားတယ်။ ဘာပြောကောင်းမလဲ။ ကျွန်တော် လှည်းကို ချက်ချင်းကောက်၊ ရိတ်ထားတဲ့ မြက်ကို လှည်း ပေါ်တင်ပြီး ရွာကို အပြေး ဒုန်းစိုင်း မောင်း

လာခဲ့တယ်။


ထီပေါက်ကြောင်းသိထားတဲ့လူက ထီလက်မှတ်ကိုင်

ပြီး အကြွေးနစ်နေတဲ့ မိသားစုဆီ ပြန်လာသလိုမျိုးဗျာ။  ရေသည်ယောက်ျားက ငွေလေးရွေး သွားယူပြီး

ရေသည်မိန်းမဆီ ပြေးလာသလိုမျိုး။ 


အပျော်တွေ တထွေးကြီးနဲ့။ ဒီရွာမှာ မွေးတယ်။  အဖေ

က တောင်သူ။ အမေကလည်း တောင်သူ။ ကျွန်တော်

က မြက်ကလေးတောင် မရိတ်တတ်ခဲ့ဘူး။ ဟော..အခု 

ကျွန်တော် မြက် ရိတ်တတ်ပြီ။ ဘယ်သူနှိမ်ဦးမလဲ။


ကျွန်တော့်ဘာသာ တွေးနေတာပါ။ အိမ်ကို လှည်းမောင်း ပြန်လာနေတုန်းတွေးနေတာ။


အိမ်နားကို ရောက်လို့ အိမ်ထဲ လှမ်းကြည့်လိုက်တော့ အမေ့ကို လှမ်းမြင်တယ်။ အမေ့ဘေးမှာ အိမ်နီးချင်း

နှစ်ယောက်ရယ် စျေးသည် တစ်ယောက်ရယ်ပေါ့။


ကျွန်တော် မအောင့်နိုင်တော့ဘူး။ လှည်းက အိမ်ဝိုင်းထဲ မဝင်သေးဘူး။ လမ်းမှာပဲ ရှိသေးပေမယ့် ကျွန်တော်  လှမ်း

အော် လိုက်တယ်။


အမေ့..အမေ့…။


အမေက ဧည့်သည်တွေနဲ့ စကားပြောနေရာကနေ လှမ်းထူးတယ်။


အေး..လူလေး.. ဘာဖြစ်လို့လဲ..အလန့်တကြား..တဲ့။


ကျွန်တော် မြက်ရိတ်တတ်ပြီ အမေ..။ကျွန်တော် မြက်တွေ ရိတ်လာခဲ့ပြီ ..။


ဟား..ဟား…ဟား..ဟား..


ကျွန်တော့်စကားကို ကြားတော့ အမေရော အမေ့ဘေးက ဧည့်သည်တွေရော ဝိုင်းရယ်ကြတယ်။


ကျွန်တော် ၊ ၇တန်းကျောင်းသား။ အဖေတောင်သူ။ အမေ တောင်သူ။ ဒီလိုလူက ဒီအသက် ဒီအရွယ်ရောက်မှ မြက်ရိတ်တတ်တာကို လှမ်းကြွားနေရသေးသလား ဆို ပြီး ရယ်ကြတာ

ပေါ့။


ကျွန်တော်ကလည်း ကျွန်တော်ပဲ။ ကိုယ့်ထက်ငယ်တဲ့သူတောင် လုပ်တတ်နေတဲ့ အလုပ်ကို ခုမှ စလုပ်တတ်ပြီး ဝမ်းသာအားရ ကြွားရဲပစ်ခဲ့တာကိုး။


အခု ကျွန်တော် အသက် ၃၉ ပြည့်တော့မယ်။ ရောက်နေတာက ဂျပန်။ အချိန်ပိုင်း အလုပ်အဖြစ် တစ်ခါတလေ မြက်ရိတ်ရတယ်။ ရွာတုန်းကလို တံစဉ်နဲ့တော့ မဟုတ် ဘူးပေါ့

လေ။ စက်နဲ့။ လူကတက်ထိုင်ပြီး ကားမောင်းသလို မောင်းရုံ

ပဲ။ စက်က သူ့ဘာသူ ရိတ်သွားတာ။


ခုနေများ အမေရေ.. အမေ။ ကျွန်တော် မြက်ရိတ်တတ်ပြီလို့ ဂျပန်ကနေ လှမ်းအော်ပြောရင် အမေ ရယ်ပါဦးမလား။  ဂျပန်ကို အထင်ကြီး၊ လာချင်နေတဲ့ ကျွန်တော့် မိတ်ဆွေတို့

ရော ရယ်မှာလား။


             #လူခါး

       ၂၀၂၂-၀၄-၃၀၊Japan၊၂၂:၅၅


ဓာတ်ပုံဖျက်လိုက်တာ စာပါပျက်သွားလို့ ပြန်တင်လိုက်ပ်

တယ်။

No comments: